


Source: Actor 99

ပရိတ်သတ်ကြီးရေ မင်းသားချော နိုင်းနိုင်းကတော့ လူကြီးရော လူငယ်ကြားမှာပါ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်…မင်းသားနိုင်းနိုင်းကတော့ မြန်မာဗီဒီယိုဇာတ်လမ်းခေတ်ထဲကနေ ခုချိန်ထိ အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန် လုပ်ဆောင်ရင်း ပရိသတ်တွေနဲ့ အဆက်မပြတ်ရှိနေသူတစ်ယောက် ဖြစ်ပါတယ်… မင်းသားချော နိုင်းနိုင်းကတော့ သားသမီး လေးယောက်နဲ့အတူ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာကြောင့် အားလုံးကအားကျနေရသူတစ်ယောက် ဖြစ်ပါတယ်။

မင်းသားနိုင်းနိုင်း ရဲ့ဇနီးဖြစ်သူ စန္ဒီချိုကတော့ အမေရိကန်နိုင်ငံမှာ သားသမီး ၄ ယောက်နဲ့အတူနေထိုင်ရင်း ကျောင်းတက်ပြီးအလုပ်လုပ်နေသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးမှီကာလကမှ နိုင်းနိုင်းလည်း ဇနီးဖြစ်သူနဲ့ သမီးလေးတွေဆီကို လိုက် သွားပြီး အလွမ်းဖြေနေရာက ပြန်လာခဲ့တာ ဖြစ်ပါတယ်။မင်းသားချော နိုင်းနိုင်းက ကျန်းမာရေးကို လိုက်စားပြီး တာင့်ဖြောင့်တဲ့ကိုယ်ခန္ဓာကိုယ်လည်း ထိန်းသိမ်နိုင်တာကြောင့် ယောကျာ်းလေးတော်တော်များများလည်း အားကျရသူဖြစ်ပါတယ်.။

မကြာမှီ ရက်ပိုင်းကမှ ပြည်သူတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရသူ မတရားဖမ်းဆီးထားတာကြောင့် စစ်အာဏာရှင်ကို တိတ်ဆိတ်စွာ ဆန္ဒပြ ပြည်သူတွေနဲ့အတူ တစ်သားထဲ ပါဝင်လာပြီဖြစ်ပါတယ်.။ဒါ့အပြင် မင်းသားချော နိုင်းနိုင်းရဲ့ တစ်မိသားစုကလည်း စစ်အာဏာရှင် အလိုမရှိသူတဲ့ စာတမ်းတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ဝန်းရံတဲ့နေရာမှာလည်း ပြည်သူတွေနဲ့အတူ စည်းစည်းလုံးလုံးရှိနေတဲ့ ပုံတွေကိုတင်ထားတဲ့အောက်မှာလည်း ပြည်သူများက ကျေးဇူးတင်ကြောင်းတွေရေးသားထားကြတာ ဖြစ်ပါတယ်။မင်းသားချော နိုင်းနိုင်းလည်း ပြည်သူနဲ့အတူ ပါဝင်လာမှုကို ပရိသတ်ကြီးလည်း အားပေးစကားလေး ပြောပေးသွားကြပါအုံးနော်…။

Source: Actor 99

Leave a Comment

Your email address will not be published. Required fields are marked *