ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ အဆိုေတာ္ လိေမၼာ္သီးကေတာ့ ဒီေန႔မွာ အလႉဒါနေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ လိေမၼာ္သီးကေတာ့ အျမဲတမ္းလိုလိုလည္း တတ္နိုင္သေလာက္အလႉဒါနေတြျပဳလုပ္ေလ့ရွိၿပီး အခုတစ္ေခါက္မွာလည္း ကိုဗစ္ေၾကာင့္ လာေရာက္လည္ပတ္သူနည္းပါးေနခဲ့တဲ့ ေလွာ္ကားဥယ်ာဥ္မွာ အာဟာရဒါနအလႉေလးျပဳလုပ္ခဲ့တာပါ။

ေလွာ္ကားေဘးမဲ့ဥယ်ာဥ္မွာရွိတဲ့ ေမ်ာက္ေလးေတြနဲ႔ တိရိစၧာန္ေတြအတြက္ အစားအစာေတြကို လိေမၼာ္သီးက သူကိုယ္တိုင္သြားေရာက္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ အခုလို အလႉေလးသြားေရာက္ျပဳလုပ္ခဲ့တဲ့ အေၾကာင္းကို လိေမၼာ္သီးက သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန “မနက္ခင္းအလႉေလး…” ဆိုၿပီး အလႉျပဳလုပ္ေနတဲ့ ၾကည္ႏူးဖြယ္ပုံရိပ္ေလးကို မၽွေဝေဖာ္ျပထားခဲ့ပါေသးတယ္။

အဆိုေတာ္ လိေမၼာသီးရဲ့ ၾကည္ႏူးဖြယ္ အလႉဒါနျပဳတဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ေတြလည္း ၾကည္ႏူးပီတိျဖစ္လို႔ရေအာင္ ျပန္လည္မၽွေဝေဖာ္ျပထားခဲ့ပါတယ္။ ပရိသတ္ႀကီးေရ လိေမၼာ္သီးရဲ့ အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦး ပရိသတ္ႀကီးေရ။

Credit – CeleZone
Source – Mi Mon Mon Thike

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် လိမ္မော်သီးကတော့ ဒီနေ့မှာ အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လိမ္မော်သီးကတော့ အမြဲတမ်းလိုလိုလည်း တတ်နိုင်သလောက်အလှူဒါနတွေပြုလုပ်လေ့ရှိပြီး အခုတစ်ခေါက်မှာလည်း ကိုဗစ်ကြောင့် လာရောက်လည်ပတ်သူနည်းပါးနေခဲ့တဲ့ လှော်ကားဥယျာဉ်မှာ အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တာပါ။

လှော်ကားဘေးမဲ့ဥယျာဉ်မှာရှိတဲ့ မျောက်လေးတွေနဲ့ တိရိစ္ဆာန်တွေအတွက် အစားအစာတွေကို လိမ္မော်သီးက သူကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို အလှူလေးသွားရောက်ပြုလုပ်ခဲ့တဲ့ အကြောင်းကို လိမ္မော်သီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မနက်ခင်းအလှူလေး…” ဆိုပြီး အလှူပြုလုပ်နေတဲ့ ကြည်နူးဖွယ်ပုံရိပ်လေးကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

အဆိုတော် လိမ္မောသီးရဲ့ ကြည်နူးဖွယ် အလှူဒါနပြုတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်လို့ရအောင် ပြန်လည်မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ လိမ္မော်သီးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Credit – CeleZone
Source – Mi Mon Mon Thike