မင်းသမီးချော စမိုင်းလ်ကတော့ ချစ်ရတဲ့သမီးချောလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ဒါ့အပြင် စမိုင်းလ်က အလှူအတန်းနဲ့ပတ်သက်ရင်လည်း ရက်ရက်ရောရောရှိပြီး စေတနာထက်သန်စွာ မကြာခဏဆိုသလို လှူဒါန်းလေ့ရှိတာလည်းဖြစ်ပါတယ် ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

မာန်မာနမရှိဘဲ လူတိုင်းအပေါ်ဖော်ဖော်ရွေရွေဆက်ဆံတတ်တာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေသူလေးလည်းဖြစ်ပါတယ်။အခုလည်း သူမ အားကိုးအားထားရတဲ့ တပည့်လေးတွေကို ငွေသားအထုတ်လိုက်ကိုင်ကာ တစ်ယောက်တစ်သိန်းစီ ခရစ္စမတ်မုန့်ဖိုးအဖြစ်ပေးခဲ့တဲ့ပုံလေးတွေကိုဖော်ပြထားရာ ကြည့်ပြီး အပျော်တွေကူးစက်ကာ လေးစားအားကျမိတာအမှန်ပါပဲ ။နောက်လည်းဒီထက်မက လှူဒါန်းနိုင်ပါစေဆုတောင်းပေးရင်း ပုံလေးတွေကို မျှဝေပေးလိုက်ပါရစေ။

Credit – Cele Zone

Photo – Smile




Credit – Cele Zone

Photo – Smile