နိုင်ငံကျော်ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သလို ခုချိန်ထိ ပရိသတ်အားပေးမှု အခိုင်အမာရရှိနေဆဲ မင်းသမီးတစ်ယောက်ပါ ။ အိမ်ထောင်ကျသွားပေမယ့်လည်း အားပေးတဲ့ ပရိသတ်တွေမလျော့သွားသလို သာယာတဲ့မိသားစုဘဝလေးကို ပရိသတ်တွေက အားကျ ချစ်ခင်နေကြတာပါ ။

လတ်တလောမှာတော့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်း က အူဝဲရဲ့ ကောင်းတဲ့အချက်လေးတွေကို အခုလိုပြောပြလာခဲ့ပါတယ် ။ အူဝဲရဲ့ စိတ်ကအရမ်းကိုရိုးရှင်းသလို ဘယ်သူ့အပေါ်မှ လည်း မနာလိုမဖြစ်တတ်သလို သူများအကြောင်းသူများအတင်းလုံးဝမပြောတတ်သလို သူများအကြောင်းကို လုံးဝစိတ်မဝင်စားတတ်တဲ့သူပါလို့ ခင်စန်းဝင်းက ပြောပြခဲ့တာပါ ။ အူဝဲက သူ့အလုပ်ကိုသူ အကောင်းဆုံကြိုးစားတတ်တဲ့ သူဖြစ်သလို မိဘအပေါ်အရမ်းသိတတ်ပြီး ညီအစ်ကိုမောင်နှမတွေ အပေါ်မှာလည်း အရမ်းချစ်တတ်တဲ့ သူပါတဲ့ ပရိသတ်ကြီးရေ ..။

အူဝဲကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်နေရတဲ့ နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်ပြီး နာမည်ပျက် မရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အူဝဲရဲ့ကောင်းကွက်တွေကတော့ ပြောကုန်နိုင်မယ်မထင်ပါဘူးနော် ။ အူဝဲရဲ့ ပရိသတ်ကြီးရော အူဝဲ အကြောင်းဘယ်လောက်သိလဲ မှတ်ချက်ပေးခဲ့ပါဦး ။

Source : Eannies Eannies
Credit ; (Yaung Chi)




Source : Eannies Eannies
Credit ; (Yaung Chi)