


Credit – Cele Zone
Photo – Phyu Phyu Htwe

ပရိတ်သတ်ကြီးရေ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ဖြစ်ပါတယ် ။ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရပြီး အရမ်းကိုအောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ မိဘနှစ်ပါးကို ရိုးရိုးသားသားလုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် အလှူတန်းပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

လတ်တလောမှာတော့ သူမရဲ့ရိုက်ကွင်းအထိ လက်ဆောင်တွေ ပန်းစည်းတွေလာပေးကြတဲ့ ပရိသတ်တွေကြောင့် အတိုင်းမသိပျော်ရွှင်နေကြောင်း လက်ဆောင် အမှတ်တရ ပုံလေးတွေနဲ့ အတူ “ပန်းလေးက ဘယ်သူလာထားတာလဲဟင်…?” ဆိုတဲ့စာလေးကိုစနောက်ဖော်ပြထားရာ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။သာယာသောနေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ။

Credit – Cele Zone
Photo – Phyu Phyu Htwe