တတိယလှိုင်း အနေနဲ့ တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ ကိုဗစ်ရောဂါဆိုကြီးကို မြန်မာနိုင်ငံသားတွေ တော်တော်များများ ကြုံတွေ့ ခံစားနေရပါတယ် ။ ရောဂါကူးစက်မှုမြန်တာတွေကြောင့်လည်း ခုလို နေမကောင်းသူတွေ များပြားလျက်ရှိတာပါ ။ ဒီလို ကူးစက်ခံရသူတွေထဲမှာ အဆိုတော် ကော်နီလည်း အပါအဝင်ပါပဲ ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ သွားသွားလာလာလုပါနေပေမယ့် မကူးစက်ခဲ့ပေမယ့် ခု တတိလှိုင်းမှာတော့ အိမ်မှာ နေရင်း ကူးစက်ခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ် ။ ဒါ့အပြင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ပုံတွေကိုလည်း ဝေမျှလာ ပါသေးတယ် ။

” ကိုဗစ်ပထမလှိုင်းဒုတိယလှိုင်းကို သွားသွားလာလာနဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တံခါးပေါက်တောင်မရပ်ရတဲ့ကျွန်မ အိမ်ထဲမှာနေရင်း နဲ့ဘဲ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ် ဒီနေ့ဆိုရင်(၁၃)ရက်မြောက်ခဲ့ပါပြီ ပထမ၃ရက် ခေါင်းအုံခေါင်းကိုက်ပါတယ် ရေချိုးကြာလို့အအေးမိတယ်လို့ဘဲ မှတ်ယူမိရင်း ဘိုင်အိုဂျက်ဆစ်နဲ့ မြန်မာဆေးလေးသောက် ချွေးလေးထွက်သက်သာသလိုလေးဖြစ်နဲ့နေရင်းကနေ အရသာစပျက်ပါတယ် အနံ့မရနေတာကိုလည်းသတိမထားမိပါဘူး နေ့လည်ထမင်းစားတော့ ငံကျွိနေတာဘဲသိတယ်ငပိ ထောင်းကို နမ်းကကြည့်ပြီး အနံ့မရတာကိုလည်း သတိမထားမိသေးပါဘူး ညနေရေမိုးချိုး ရေမွှေးဆွတ်တော့မှဘဲ ရေမွှေးနံ့တအိမ်လုံးရတယ်

ကိုယ်တယောက်ထဲမရတာပါ အဲ့တော့မှတအိမ်လုံးလန့်ဖျန့်ပြီး ကိုယ်လည်း အခန်းတံခါးပိတ် Home Q ရပါတော့တယ် နောက်တော့ကိုယ့်ကိစ္စ ကူလုပ်ပေးရတယ့် ညီမက ၂ရက်နေတော့ စဖျားပါတယ် ဒါနဲ့အခန်းခွဲနေကြတယ်ပေါ့နော် စဖြစ်ရတာကတော့အဲ့ရက်တွေမှာ ကိုယ်ကအိပ်ရေးပျက်ပျက်ပြီး အိပ်ရေးမပြည့်နေတာပါ အဲ့ဒီတော့ကိုယ်ခံအားကျသွားတဲ့အချိန် ဒီကောင်ကအခွင့်အရေးစောင့်နေပုံရပါတယ် ငါအရမ်းဝနေလို့ဆိုပြီး ညစာလည်းနဲနဲလျှော့စားနေတာတပတ်လားဘဲရှိနေသေးချိန်လည်းဖြစ်ပါတယ် နောက်ညီမက ဥပုသ်စောင့်အဓိဌာန်ဝင်နေသူပါ ဒီတော့သူလည်းကိုယ်ခံအားနည်းနေသူပါ ပြောချင်တာကကိုယ်ခံအားကောင်းနေဘို့ အရေးကြီးတာရယ် အိပ်ရေးလုံးဝ မပျက်စေဘို့ အလွန်အရေးကြီးပါတယ် ”

” စိတ်ဓါတ်ကြံ့ခိုင်ဘို့ကအလွန်အရေးကြီးပါတယ် ကိုဗစ်နဲ့တော့ငါအသေမခံဘူးဆိုတဲ့စိတ်ကို ထည့်ထားပါတယ်စိတ်ပူပင်မှုတွေစိုးထိတ်မှုတွေက ကိုယ်ခံအားကိုမသိမသာလေးလျှော့နေစေနိုင်တယ်လို့ထင်ပါတယ် အခုတော့အားဆေးတွေလှိမ့်သောက် အစာကိုမစားချင်လည်းလှိမ့်စားနေပါတယ် မကော်အနံ့အရသာပျောက်တာ ၈ရက်နီးပါးကြာသွားတယ် အတူဖြစ်တဲ့ညီမက ၄,ရက်နဲ့အနံ့အရသာ ပြန်ရပါတယ် မကော်အခန်းထဲမှာတယောက်ထဲ အသက်ရှုလေ့ကျင့်ခဏ်းလုပ်တယ် သတိရတိုင်းအသက်ရှုထုတ်လုပ်တယ် မှောက်လည်းမှောက်အိပ်ပါတယ်အလုပ်ကိုပုံမှန်လုပ်တယ် လူကမလှုပ်ချင်ပေမယ့ ဝတ်ထားတဲ့အဝတ်ကိုရအောင်လျှော်တယ်

စားတဲ့ပန်းကန်ခွက်တွေဆေးတယ် အခန်းသန့်ရှင်းရေးလုပ်တယ် ရေကိုမနက် ပိုင်းချိုးတယ် အခန်းတံခါးတွေအကုန်ဖွင့်တယ်ဖျန်းဆေးကိုကိုယ်နဲ့ထိမိတဲ့နေရာအိပ်ယာရေချိုးခန်းကိုတောက်လျှောက် ဖျန်းတယ် နေရောင်ရတဲ့နေရာမှာနေပါတယ် အစာစားပြီး နေရာမရှိတာကိုတောင် ဘုရားစာဆိုရင်းရအောင်လမ်းလျှောက်ပါတယ် မနက်မိုးလင်းတာနဲ့ ဘုရားစာဖွင့်တရားနာရင်း ပြုနေကြအလုပ်တွေလုပ်တယ် နေ့လည်ဆို သီချင်းလေးခဏဖွင့်ပြီး စိတ်ကို ရအောင် ပြောင်းရပါတယ် ဖုန်းကြာကြာကြည့်ရင်တော့မူးပါတယ်လှုပ်ရှားတာများရင်တော့မောနေပါသေးတယ်နော်အနံ့အရသာကောင်းသွားပြီဖြစ်ပေမယ့် နောက်ကျောထဲကနဲနဲအောင့်ပါတယ်

ရေနွေးအိတ်လေးကပ်တော့သက်သာပါတယ် ရောဂါအခံရှိသူများအခုထဲက စိတ်ရောလူပါကျန်းမာအောင်နေကြပါ တကိုယ်ရေသန့်ရှင်းမှုရှိပါအိမ်တွင်းအိမ်ပြင်သန့်ရှင်းမှုအထူးဂရုစိုက်ကြပါအားရှိစာတွေဆိုတာ အသားမှမဟုတ်ပါဘူးနော် မကော်ကခြေလေးချောင်းသားမစားပါဘူးနော် အသီးအနှံအစရှိသဖြင့် အားရှိအောင်စားမယ် နေထိုင်နည်းဗဟုသုတလေးတွေ ရှာဖွေလေ့လာမယ်အားတဲ့အချိန်ဘုရားရှိခိုးတရားထိုင်မယ်မေတ္တာပို့ ပါတယ်ကျွန်မချစ်တဲ့ပြည်သူလူထုအတွက်နေ့စဉ်မေတ္တာပို့ ဆုတောင်းနေလျှက်ပါ နေကောင်းအောင်နေကြပါချစ်ရသူတို့ ပြည်သူအချင်းချင်းကူညီရိုင်းပင်းကြရမယ့်အချိန်ပါ Fighting ပါ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

Yuan – Cele Zone