တစ်နာရီလောက်နေတော့ ကျွန်တော်က အိမ်က ပြန်ထွက်ပြီး ဈေးသွားဝယ်တာ.. အဲ့ဒီကြားထဲမှာ ဖြစ်သွားတာ.. အခု လမ်းတောင် ပိတ်ထားတယ်.. သြော်လောက လောက.. ကြောက်စရာကြီး.. မြန်လိုက်တာ ဖြစ်ပျက်တာတွေ..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ပရိသတ်ကြီးရေ မင်းသားချောဖြစ်သူ ဥက္ကာမင်းမောင်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဥက္ကာမင်းမောင်ကတော့ နိုင်ငံရပ်ခြားမှာ ကျောင်းသွားမတက်ခင်ချိန်က အနုပညာလှုပ်ရှားမှုတွေ အများဆုံးလုပ်ကိုင်ခဲ့ပြီးနောက် ပညာရေးအတွက် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့သူပါ.။
လက်ရှိမှာလည်း အမေရိကန်နိုင်ငံမှာပဲ ဆက်လက် နေထိုင်ကာ သူ့ရဲ့ ဘဝကို ပျော်ရွှင်လွတ်လပ်စွာဖြတ်သန်းနေသူ ဥက္ကာမင်းမောင်က ဒီနေ့မှာ သူကြုံရတဲ့ သူနေထိုင်ရာအိမ်နားမှာ ကြောက်မက်ဖွယ်ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကို “အိမ်နားမှာဖြစ်တဲ့ ပတ်ခတ်မှူ လူသေသွားပါတယ်တဲ့.. သတင်းတက်လာပြီ .. သေသွားတဲ့သူက ၃၆ နှစ်.. တရားခံက လွတ်နေတယ်တဲ့.. အခင်းမဖြစ်ခင် နာရီဝက်လောက်က ကျွန်တော်တို့ မောင်နှမ နှစ်ယောက်လမ်းလျှောက်ပြီးအိမ်ပြန်လာတာ အဲ့နေရာတောင်ဖြတ်လာသေးတယ်..။
တစ်နာရီလောက်နေတော့ ကျွန်တော်က အိမ်က ပြန်ထွက်ပြီး စျေးသွားဝယ်တာ.. အဲ့ဒီကြားထဲမှာ ဖြစ်သွားတာ.. အခု လမ်းတောင် ပိတ်ထားတယ်.. သြော်လောက လောက.. ကြောက်စရာကြီး.. မြန်လိုက်တာ ဖြစ်ပျက်တာတွေ..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ဥက္ကာမင်းမောင်တစ်ယောက် အိမ်က မထွက်ခင် အချိန်လေးမှာ ဖြစ်သွားခဲ့တာမို့ ရင်အေးရပေမယ့်တရားခံက လွတ်နေချိန်မို့ ကြောက်စရာ အခြေအနေလို့ ဆိုမှာပါနော်.ပရိသတ်ကြီး။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Okkar Min Maung’s Facebook
Credit ; (Cele Active World)