





Crd
Unicode

လူရွှင်တော် ဦးတိမ်ညွှန့်ရဲ့ ခက်ခဲနေတဲ့ အိမ်လခကို အိမ်အထိညတွင်းချင်း သွားရောက်ဖြေရှင်းကူညီပေးခဲ့တဲ့ရဟိတလူငယ်တဦး..

ဝါရင့်လူရွှင်တော် သရုပ်ဆောင်ဦးတိမ်ညွှန့်ကတော့ ကျရာဇာတ်ရုပ်တွေကို ပီပြင်စွာသရုပ်ဆောင်နိုင်သလို ရယ်စရာဟာသတွေနဲ့လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာပါ..။ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့်ကတော့ လက်ရှိ မှာ စီးပွားရေးအဆင်မပြေဖြစ်ကာ အိမ်လခပေးဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ သိပါတယ်..။

ဩဂုတ်လ (၁၀)ရက်နေ့ဆိုရင် လူရွှင်တော်ကြီးဦးတိမ်ညွန့်ရဲ့အိမ်လိုင်းခန်းလေး လစာပေးဖို့ ရက်စေ့ပြီဖြစ်ပြီး အခက်အခဲတွေကြောင့် အိမ်လခမပေးနိုင်ဖြစ်နေတဲ့အတွက် ပရဟိတလူငယ်လေးတစ်ဦးဟာ ညတွင်းချင်းပဲ သွားရောက်ကူညီပေးခဲ့ပါတယ်..။ အဖိုးအဖွားတွေကို အမြဲကူညီပေးနေတဲ့ ပရဟိတ လူငယ်ကိုပူတူးဟာ ညတွင်းချင်းပဲ အိမ်လစာ(၃)လစာ စာချုပ်ချုပ်ပေးပြီး ကူညီပေးခဲ့တာ ဖြစ်ပါတယ်..။

“ကျနော်သိပ်ကြိုက်ရတဲ့ ဟာသလူရွှင်တော် ဘဘ ဦးတိမ်ညွန့်အတွက် …အိမ်လစာ (3)လစာ ခုညတွင်းချင်း ချုပ်ပေးခဲ့ပါပြီ ဒီနေ့က နောက်ဆုံးပဲ သားလေးရယ်…နက်ဖြန် ဆို အိမ်လစာ ပေးရတော့မှာ အနည်းဆုံး (3)လစာလောက်တော့ ပေးရမှာ သား

ဟုတ် သား (3)လစာ ချုပ်ပေးမယ်နော် ဘဘ•ခုည ဘဘ အပြုံး အလှဆုံး ဖြစ်သွားတယ် ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက#ကိုပူတူးနှင့်ဘော်ဒါများKBZ Pay – 09795405717 Wave – 095408437 / 09795405717 CB – 0076 6005 0004 5012..” ဆိုပြီး ဦးတိမ်ညွှန့် အတွက် ကူညီပေးခဲ့တာကို အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

ဦးတိမ်ညွှန့်ကတော့ တောင်ဒဂုံ (၂၂) ရပ်ကွက် ၊ရတနာပုံ (၆)လမ်း၊ဖူဆယ်ဘောလုံးကွင်းရှေ့ လိုင်းခန်းမှာနေထိုင်နေတာဖြစ်ပြီး အခုလို အိမ်လစာ လာရောက်ကူညီပေးကြတဲ့အတွက် ဝမ်းသာ နေတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: ArrPuu Tuu’s Fb Acc
Crd