Credit ; MMLoad
ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင် ဘေဘီမောင်ကတော့ ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခရီးလမ်းလေးကိုအတူလျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ နှစ်ယောက်တစ်ဘဝတည်ဆောက်ဖို့အတွက် အလုပ်တွေ ကြိုးစားနေတာကိုလည်း အားကျစရာကောင်းလောက်အောင် မြင်တွေ့ကြရမှာပါ။ ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာ ဖြစ်ပါ တယ်။
မကြာသေးခင် နာရီပိုင်းလောက်က ဘေဘီမောင်ရဲ့Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အိမ်အလုပ်တွေကို အလိုက်တသိ ကူညီပေးနေတဲ့ ချစ်သူလေးကို ဗီဒီယိုလေးခိုးရိုက်ထားပြီး ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။ သားဂန်းကတော့ ခြံတံခါးတွေကို ဆေးလိုက်သုတ်ပေးနေတာ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ အရာရာကို အားကိုးရတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတဲ့အတွက် ကြည်နူးနေတာ ဖြစ်ပါ တယ်။
ဘေဘီမောင်တို့ အတွဲလေးဟာ ချစ်သူသက်တမ်းနှစ်နှစ်ကျော်နေပြီ ဖြစ်ပြီး မနဲ့မောင်စုံတွဲလေးဖြစ်တာကြောင့်ပရိသတ်တွေက အားကျနေကြတာ ဖြစ်ပါတယ်။ အားလုံးကလည်း သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းကို မျှော်လင့်စောင့်စားနေကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့လှုပ်ရှားမှုတွေကို အားပေးနေကြသူများအတွက် ချစ်သူလေး အလုပ်လုပ်နေတာကို ဗီဒီယိုလေးခိုးရိုက်ပြီး အချစ်တွေပိုနေတဲ့ ဘေဘီမောင်ရဲ့သတင်းလေးကို တင်ဆက်ပေးလိုက် ရပါ တယ်။
Source and Photo Crd-Baby Maung’s Facebook Account
Credit ; MMLoad