


Source: Chit Thu Wai’s fb

ဂီတလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်နှစ်ပွင့်ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ စိတ်တူကိုယ်တူရှိပြီး စွယ်တော်ရွယ်လို အချစ်ချင်းထပ်တူကျတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးအမြွှာလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အိမ်ထောင်သက် (၇) နှစ်ပြည့်တဲ့နေ့လေးဖြစ်ပြီး ချစ်သုဝေက သူမတို့ရဲ့ Anniversary နေ့မှာ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေ အပြန်အလှန်ပေးဖြစ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“7th year anniversary 💛 ကိုယ့်ရွေးချယ်မှူမှတဆင့် ရရှိခဲ့တဲ့ကောင်းချီးလေးများနှင့် ဖေ့ကို “လက်ဆောင်?? “ဆိုတော့ kissတဲ့😁🤣မေရောဘာပေးမှာတုန်းဆိုတော့..”ပေးထားတယ်လေ အဲ့မှာတသက်စာလို့ ” boss ၂ယောက်ကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အောင်မလေး လင်မယား၂ယောက် အကုန်အကျတွေများပြီး ro နေလိုက်တာများ🤣🤣🤣 အဲ့ဒါနဲ့ fbပေါ် တက်ကြွားရတော့တာပဲ..တက်သာကြွားရတာ ပေးမယ်ဆိုတဲ့ ‘kiss’တောင်ရသေးတာမဟုတ်ဘူး😁…အဟေးဟေး မိန်းမထုကြီး ကျုပ်ကို အရမ်းတွေအားကျသွားကြပြီမဟုတ်လား???😁😁😁😁😁ကျေနပ်တယ်..ဂွပ်😎” ဆိုပြီး ပြောလာပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ဘဝကို ပကာသနကင်းကင်းနေထိုင်တတ်သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကိုသာ လွှမ်းခြုံထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုးရှင်းလွန်းတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Chit Thu Wai’s fb
Credit– Cele Connections