အပြင်မှာ မတွေ့ဘူးပေမယ့်လည်း လူမှုကွန်ရက်မှာ ပရိသတ်တိုင်းချစ်နေရတဲ့ ပြည်သူ့အချစ်တော်လေးတွေဆိုရင်တော့ ချစ်သုဝေရဲ့အမွှာသမီးလေးနှစ်ယောက်ကတော့ထိပ်ဆုံးကပါပဲနော် ။မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ ပြည့်စုံတဲ့ ခေတ် နဲ့ သစ် အမွှာညီအစ်မကတော့ တစ်နေ့ထက်တစ်နေ့အရွယ်ရောက်လာကာ ပိုပို ချစ်စရာကောင်းလာသူလေးတွေပါ။

ခေတ်လေးနဲ့သစ်လေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကစောင့်ကြည့်နေရတာပါ။ ခုဆိုရင်ခေတ်နဲ့သစ်ဟာလည်း မေမေနဲ့အတူ ကြော်ငြာလေးတွေကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံ မေမေ့ကိုလည်း အိမ်အလုပ်လေးတွေ ဝိုင်းကူလုပ်ပေးလေ့ရှိပါသေးတယ်။

ခေတ်နဲ့သစ်ရဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကလည်း ပရိသတ်တွေကိုအချစ်ပိုစေခဲ့တာပါနော်။ အခုလည်း ခေတ်တစ်ယောက် သင်ပေးစရာမလိုအောင် ပို့စ်တွေမျိုးစုံပေးကာ ဓာတ်ပုံအရိုက်ခံနေတဲ့ အသည်းယားစရာပုံလေးတွေကို မေမေချစ်သုဝေကဝေမျှလာတာဖြစ်ပါတယ်။ ဒါ့အပြင်ခေတ်လေး သစ်လေးလားလို့လည်းမေးခဲ့ပါသေးတယ်နော် ။ ပရိသတ်ကြီးကော ခေတ်လေး သစ်လေးကိုခွဲတတ်ကြလား မင်မင်ကတော့ ခွဲတတ်တယ်နော် ။

Credit – Cele Zone
Photo – Chit Thu Wai




Credit – Cele Zone
Photo – Chit Thu Wai