


Credit

ပရိသတ်ကြီးရေ Beauty Blogger အနုပညာရှင် တစ်ဦးဖြစ်သူ နေခြည်ဦးကိုတော့ အထူးအထွေ မိတ်ဆက် ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။ နေခြည်ဦးကတော့ Beauty blogger တစ်ယောက် အနေနဲ့ စတင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ် နော်..။

နေခြည်ဦးကတော့ ဖခင်ဖြစ်သူရဲ့ နောက်ခံခြေနေကြောင့် ပရိသတ်တွေရဲ့ အားပေးမှု တွေ မရှိတော့ဘဲ Anti Fan များလို့ပါ သူမကို တိုက်ခိုက်ပြောဆိုမှု များ များပြားလာခဲ့ပါတယ်..။ ဒီကနေ့ သြဂုတ်လ(၂၀)ရက်နေ့မှာ တော့ နေခြည်ဦးက ရိုင်းစိုင်းစွာ ပြောဆိုနေမှု တွေက သူမ မဟုတ်ကြောင်းကို “အခုအချိန်မှာ ဒီလို post တွေမ တင်ချင်ပါဘူး.။

ဒါပေမယ့် FAKE account တွေကြောင့် အထင်လွဲတာမျိုး မဖြစ်အောင်ပါ။ နေခြည့် account အစစ်နဲ့မန့်တိုင်း ဘေးမှာ 🔺 “creator” 🔺ဆိုပြီးအနီရောင်လေးပါပါတယ်။ မပါတဲ့ account အတုတွေနဲ့ post တွေအောက်မှာအထင်လွဲအောင် ရိုင်းရိုင်းစိုင်းစိုင်း ရေးနေတာတွေရှိလို့ပါ။ကျန်တဲ့မိသားစုဝင်တွေလည်းဘယ်သူမှ tik tok သုံးနေခြင်း မရှိပါ။ အားလုံးကျန်းမာကြပါစေ အေးချမ်းကြပါစေ 🥰🙏🏻🌶” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက် နှာ ပေါ်မှာတင်လာခဲ့ပါတယ်.။

Credit