ေနအၪၨာရာဆိုတဲ့ နာမည္ေလးနဲ႔ အႏု ပညာေလာကထဲကို ဝင္ေရာက္လာတဲ့ ျခဴးေလးက “ပန္းႏုေသြး”၊ “ထာဝရမႏၲေလး”၊ “လူရည္ခြၽန္”၊ “ရသ၊ ေမာ္ကြန္း၊ အလကၤာ”၊ “ခ်စ္ရပါေသာေႏြ” စတဲ့ ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္လာသူ တစ္ဦးျဖစ္ပါတယ္။ ျခဴးေလးက ၿပီးခဲ့တဲ့လ ပိုင္းကလည္း “သရဖူ” ဇာတ္လမ္းတြဲမွာ နန္းစႏၵာလွထြန္းနဲ႔အတူတူ သ႐ုပ္ေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း ေၾကာ္ျငာေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေနရာယူထားႏိုင္တဲ့ မင္းသမီးေလးတစ္လက္အျဖစ္ ရပ္ တည္ေနတာပဲ ျဖစ္ပါတယ္။

ခ်စ္သူရည္းစားမရွိတဲ့ တစ္ကိုယ္တည္း Single တစ္ေယာက္ပီပီ မိသားစုနဲ႔ တစ္ဦးတည္းေသာ တူမေလးအေပၚကိုသာ အခ်ိန္ေပးျဖစ္ေနတဲ့ ျခဴးေလးက ဒီတစ္ေခါက္မွာလည္း သူမရဲ႕ တူမေလးနဲ႔ ဗီဒီယိုေလးကို ခ်ျပလာပါတယ္။ ျခဴးေလးက ငယ္ငယ္ေလးနဲ႔ အေဒၚေျပာတဲ့အတိုင္း အိုက္တင္အမူအယာလုပ္ တတ္တဲ့ ခ်စ္တူမေလးရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို ျပသလာၿပီး “ကိုယ္ ႐ုပ္ရွင္ မ႐ိုက္ေတာ့ဘူး။ သူပဲ႐ိုက္လိမ့္မယ္ ။ ( ကေလးကိုယ္တိုင္က အဲ့လို မ႐ိုက္ရလို႔ ငိုေနလို႔ ပါ ရွင္ ကေလးကို ႏွိပ္စက္တာမဟုတ္ပါဘူး အိမ္မွာ လာၾကည့္ပါ အိုက္ တင္ေပါင္း ၂သိန္းလုပ္ေနလို႔ပါ )” ဆိုျပီး သူမရဲ့ တူမေလး ဗီဒီယိုကို ျပသလာပါတယ္။

ျခဴးေလးရဲ့ တူမေလးကေတာ့ အေဒၚျဖစ္သူရဲ့လက္ေပၚမွာ ၾကီးျပင္းလာခဲ့သူပီပီ ၾကီးလာရင္ ျခဴးေလးလိုပဲ သရုပ္ေဆာင္ေကာင္းတဲ့ မင္းသမီးျဖစ္လာ မလားပဲေနာ္။ ပရိသတ္ၾကီးလည္း ျခဴးေလးတို့ တူဝရီးနွစ္ေယာက္ရဲ့ ဗီဒီယုိေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါ တယ္ေနာ္။

Source: Chue Lay’s fb
Credit– Cele Connections

နေအ ဉ္ဇာရာဆိုတဲ့ နာမည်လေးနဲ့ အနု ပညာလောကထဲကို ဝင်ရောက်လာတဲ့ ခြူးလေးက “ပန်းနုသွေး”၊ “ထာဝရမန္တလေး”၊ “လူရည်ချွန်”၊ “ရသ၊ မော်ကွန်း၊ အလင်္ကာ”၊ “ချစ်ရပါသောနွေ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူ တစ်ဦးဖြစ်ပါတယ်။ ခြူးလေးက ပြီးခဲ့တဲ့လ ပိုင်းကလည်း “သရဖူ” ဇာတ်လမ်းတွဲမှာ နန်းစန္ဒာလှထွန်းနဲ့အတူတူ သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ကြော်ငြာတွေ တော်တော်များများမှာ နေရာယူထားနိုင်တဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ် တည်နေတာပဲ ဖြစ်ပါတယ်။

ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်း Single တစ်ယောက်ပီပီ မိသားစုနဲ့ တစ်ဦးတည်းသော တူမလေးအပေါ်ကိုသာ အချိန်ပေးဖြစ်နေတဲ့ ခြူးလေးက ဒီတစ်ခေါက်မှာလည်း သူမရဲ့ တူမလေးနဲ့ ဗီဒီယိုလေးကို ချပြလာပါတယ်။ ခြူးလေးက ငယ်ငယ်လေးနဲ့ အဒေါ်ပြောတဲ့အတိုင်း အိုက်တင်အမူအယာလုပ် တတ်တဲ့ ချစ်တူမလေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသလာပြီး “ကိုယ် ရုပ်ရှင် မရိုက်တော့ဘူး။ သူပဲရိုက်လိမ့်မယ် ။ ( ကလေးကိုယ်တိုင်က အဲ့လို မရိုက်ရလို့ ငိုနေလို့ ပါ ရှင် ကလေးကို နှိပ်စက်တာမဟုတ်ပါဘူး အိမ်မှာ လာကြည့်ပါ အိုက် တင်ပေါင်း ၂သိန်းလုပ်နေလို့ပါ )” ဆိုပြီး သူမရဲ့ တူမလေး ဗီဒီယိုကို ပြသလာပါတယ်။

ခြူးလေးရဲ့ တူမလေးကတော့ အဒေါ်ဖြစ်သူရဲ့လက်ပေါ်မှာ ကြီးပြင်းလာခဲ့သူပီပီ ကြီးလာရင် ခြူးလေးလိုပဲ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးဖြစ်လာ မလားပဲနော်။ ပရိသတ်ကြီးလည်း ခြူးလေးတို့ တူဝရီးနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။

Source: Chue Lay’s fb
Credit– Cele Connections