


Source : NyiNyiMaung
Candy – CeleKhitThit

ပရိသတ်ကြီးရေမိတ်ကပ်ပညာရှင် ညီညီမောင် ( စမ်းချောင်း ) ကတော့ မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းမှာတင်မကဘဲ ပရိသတ်တွေပါ အားထားရတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ပါပဲနော်။ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများက ချစ်စနိုးနဲ့ သုသုလို့ ခေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်ဖြစ်ပေမယ့် ဟိတ်ဟန်တွေမရှိဘဲ အမြဲ ပေါ့ပေါပါးပါး ပွင့်ပွင့်လင်းလင်းနေတတ်သူဆိုလည်း မမှားပါဘူးနော် ။ပျော်ပျော်နေတတ်တဲ့ သုသုကတော့ ဟာသဗီဒီယိုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မကြာမကြာ တင်လေ့ရှိတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်လတ်တလောမှာ အာရှတင်မကဘဲအနောက်နိုင်ငံတွေထိအောင်ကျော်ကြားနေတဲ့ပိုင်တံခွန်နဲ့ပတ်သက်ပြီး သုသုကတော့ ဂယက်ထအောင် သူ့ရဲ့ပရိသတ်တွေကိုအရွှန်းဖောက်နောက်ခဲ့တာပါ။ ”ပိုင်တံခွန် လက်စွပ်တဲ့ လူကိုမရလို လက်စွပ်ပဲ ဝယ်ချပလိုက်တယ်😂😅အောင်သမာဓိ ကနေ😎😎😎”ဆိုတဲ့စာလေးနဲ့သူ့ရဲ့လူမှုကွန်ရက့စာမျက်နှာမှာဖော်ပြခဲ့တာပါ။.ဖတ်ရှုပေးကြတဲ့ CeleKhitThit ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : NyiNyiMaung
Candy – CeleKhitThit