ပရိတ္သတ္ၾကီးေရ မင္းသမီးေခ်ာေလး ယုသႏၲာတင္ ကေတာ့ အႏုပညာနယ္ပယ္မွာ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈေတြကို အျပည့္အဝရရွိထားတာျဖစ္ပါတယ္။ သြယ္လ်က်စ္လ်စ္တဲ့ ေသးေသးသြယ္သြယ္ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ထားတာေၾကာင့္ ျမန္ျမန္ဆန္ဆန္ အဝတ္အစားေလးေတြဝတ္ရင္ သူမခႏၶာကိုယ္နဲ႔ လိုက္ဖက္ၿပီး ခ်စ္စရာေကာင္း သူျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္းမွာလည္း ဘယ္လိုဇာတ္ေကာင္မ်ိဳးေတြပဲျဖစ္ျဖစ္ သဘာဝက်က် ပီျပင္ေအာင္သ႐ုပ္ေဆာင္နိုင္တာကိုလည္းေတြ႕ရပါတယ္။သူမ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြကလည္း ပရိသတ္ေတြအႀကိဳက္ေတြ႕ေစခဲ့တဲ့ ဇာတ္ကားေတြပဲျဖစ္ခဲ့ပါတယ္။ ယုသႏၲာတင္ဟာ ယေန႔အခ်ိန္ထိ ပင္ကိုယ္အလွတရားေတြအျပည့္နဲ႔ ႏုပ်ိဳေနဆဲျဖစ္ၿပီး ေခ်ာေမာလွပေနတုန္းပါပဲေနာ္။

ယုက အႏုပညာအလုပ္ေတြအျပင္ ခရီးေတြထြက္ရတာလည္း အရမ္းဝါသနာပါသူေလးျဖစ္တယ္ဆိုတာ ပရိသတ္ေတြ သိရွိၿပီးျဖစ္ပါတယ္။အခုလည္း အေနာ္ရထာ အေပ်ာ္စီးသေဘၤာႀကီးနဲ႔ အပန္းေျဖခရီးထြက္ေနတာလည္းျဖစ္ပါတယ္။အခုလည္း သူမ သြားေရာက္လည္ပတ္ခဲ့တဲ့ ခရီးစဥ္တစ္ေလၽွာက္က အမွတ္တရေလးေတြကို ရိုက္ကူးထားတဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြလည္း ၾကည့္ရႈနိုင္ေစရန္ ေဝမၽွထားတာျဖစ္ပါတယ္။ ဗီဒီယိုေလးထဲမွာ ရႈခင္းေတြကလည္း အရမ္းလွၿပီး ၾကည့္ရင္းအေပ်ာ္ေတြ ကူးစက္မိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Yu Thandar Tin

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ယုသန္တာတင် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မြန်မြန်ဆန်ဆန် အဝတ်အစားလေးတွေဝတ်ရင် သူမခန္ဓာကိုယ်နဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်း သူဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ခဲ့ပါတယ်။ ယုသန္တာတင်ဟာ ယနေ့အချိန်ထိ ပင်ကိုယ်အလှတရားတွေအပြည့်နဲ့ နုပျိုနေဆဲဖြစ်ပြီး ချောမောလှပနေတုန်းပါပဲနော်။

ယုက အနုပညာအလုပ်တွေအပြင် ခရီးတွေထွက်ရတာလည်း အရမ်းဝါသနာပါသူလေးဖြစ်တယ်ဆိုတာ ပရိသတ်တွေ သိရှိပြီးဖြစ်ပါတယ်။အခုလည်း အနော်ရထာ အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်နေတာလည်းဖြစ်ပါတယ်။အခုလည်း သူမ သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်တစ်လျှောက်က အမှတ်တရလေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန် ဝေမျှထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ ရှုခင်းတွေကလည်း အရမ်းလှပြီး ကြည့်ရင်းအပျော်တွေ ကူးစက်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Yu Thandar Tin