


Credit -CeleGabar
Soure : ThadteiThadtei

ပရိသတ်ကြီရေ တစ်ခေတ် တစ်ခါက ပရိသတ်တွေ သဘောကျခဲ့ရတဲ့ ဗွီဒီယိုမင်းသားချော တစ်လက်ဖြစ်တဲ့ သတ္တိကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုချိန်မှာ အနုပညာခြေလှမ်းတွေကျဲ သွားခဲ့​ပေမယ့် သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာတော့ ပရိ သတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေဆဲပါ။

ဒီနေ့မှာတော့ သတ္တိက သူ့ရဲ့မျိုးဆက် သစ်သားချောလေးကို ပရိသတ်တွေရှေ့ကိုချပြခဲ့တာပါ။ အဖေ့ရဲ့ ချောမောမှုအမွေကို ဆက်ခံထားတဲ့ သူ့ရဲ့သားချောလေးရဲ့မွေးနေ့အတွက် အခုလိုပဲဆုမွန်ကောင်းတောင်းပေး ခဲ့တာပါ။”Happy birthday ..ပါ ချစ်သော သားလေးရေ…ဖေ့ဘဝ ထဲကို သားလေးစရောက် လာကတည်းက ပြောမပြနိုင်လောက် အောင် ဝမ်းသာ ကြည်နူးပီတိဖြစ်ရပါတယ် သားရေ….သားလေးရဲ့ မျက်နှာလေးကို စမြင် လိုက်ကတည်းက ငါ့ကို ဖေဖေ လို့ခေါ်မယ့်သားလေး တယောက် ရောက်လာပြီ သား အတွက် တချိန်မှာ အားကိုးအတုယူ လမ်းပြနိုင်မယ့် အဖေ တယောက် ဖြစ်အောင် ကြိုးစား ချင်တဲ့စိတ် ခွန်းအားတွေ ဖြစ်လာတာ ပါ ။

ဖေ့ ဘဝက သားလေးရောက် လာမှ ပိုပြီး ပြည့်စုံ လာသလို အား တွေရှိလာ တာပါ သားရေ…..သားက ဖေ့အတွက်တော့ ဘုရား ကပေးတဲ့ ရတနာ တစ်ပါးပါ ….သားရဲ့ အဖေ ဖြစ်ရတာ ဖေ အရမ်း ဂုဏ်ယူ မိတယ် သားရေ….ဒီနေ့ သားလေး မွေးနေ့အတွက် အဖေ့ ရဲ့ အမှတ် တရ စကားလေး ဖတ်ပြီး ….သားလး ဘဝမှာ ကျန်းမာ ချမ်းသာ ပညာတွေထူးချွန်ပြီး စိတ်က တတိုင်း ပြည့်စုံ ကာ မိဘကျေးဇူး သိတတ်သော သားလိမ္မာ လေးဖြစ်ပါစေ…. သားရေ”ဆိုကာ သားအဖနှစ်​ာက်ရဲ့ပုံရိပ်လေးကိုတင်လာခဲ့တာ​ပါ။ ပရိသတ်တွေလည်း အဖေတူသားချောလေး မြင့်မြတ်သတ္တိအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ ပါဦးနော်။

Credit -CeleGabar
Soure : ThadteiThadtei