ပရိသတ္ႀကီးေရ သဘာဝ မင္းသားလို႔ပရိသတ္ေတြ တင္စားေခၚေဝၚၾကတဲ့ မင္းသားေခ်ာျမင့္ျမတ္ကေတာ့ သာယာေပ်ာ္ရႊင္စရာမိသားစုဘဝေလးကို တည္ေထာင္ထားတာျဖစ္ၿပီး ပရိသတ္ေတြ အားက်ခ်စ္ခင္ရတဲ့ သူေလးျဖစ္ပါတယ္။ သူဟာက်ရာဇာတ္႐ုပ္ကိုလည္း အပီအျပင္သ႐ုပ္ေဆာင္ နိုင္တဲ့သူေလးျဖစ္ၿပီး အကယ္ဒမီထူးခၽြန္ဆုႀကီးကိုလည္း ရရွိထားသူတစ္ေယာက္ပါေနာ္။ ျမင့္ျမတ္ဟာ အႏုပညာေလာကမွာလည္း ႏွစ္ေပါင္းအေတာ္ၾကာ ရပ္တည္ေအာင္ျမင္ေနတာလည္းျဖစ္ၿပီး ဒိတ္ဒိတ္ၾကဲမင္းသားတစ္ေယာက္ဆိုလည္း မမွားပါဘူး။

ျမင့္ျမတ္ကေတာ့ မိသားစုေတြကို ပရိတ္ေရွ႕ခ်ျပတာနည္းပါး လွပါတယ္။ ျမင့္ျမတ္ရဲ့ ဖခင္ ယခုအခ်ိန္မွာ Taxi ေမာင္းေနရၿပီး ဖုန္းဆက္တဲ့အခ်ိန္မွာ သားကိုဖုန္းကိုင္ေစခ်င္တဲ့အေၾကာင္းေလးေျပာျပလာပါတယ္။

ျမင့္ျမတ္ရဲ့ အေဖ ဦးျမင့္ေက်ာ္က “အခုေလာေလာဆယ္ စားဖို႔ အတြက္ နဲ႔ လစဥ္သြင္းရမယ့္ ေငြေလးေတြ ရွိေနတာေၾကာင့္ လိုအပ္ခ်က္ အရ မျဖစ္မေန Taxi ကား ေမာင္းျဖစ္ေနတာပါ။ ကိုယ့္ဘ၀ ကို ႐ုန္းကန္ေနတာပါ။ သား လုပ္တဲ့ သူက မိသားစု အေပၚမွာ သိတတ္ပါတယ္။ အင္မတန္လည္း ေတာ္တယ္။

Taxi ေမာင္းတယ္ ဆိုေပမယ့္ ကိုယ့္သား ရဲ့ ဂုဏ္သိကၡာကို မထိခိုက္ေစခ်င္လို႔ သပ္သပ္ရပ္ရပ္ ဝတ္စားၿပီး ေမာင္းပါတယ္။ ဦးေၾကာင့္ သား စိတ္အေႏွာက္အယွက္ ျဖစ္ေစမယ့္ အလုပ္မ်ိဳးေတြကို ေရွာင္တယ္။ သားကို မ်ားမ်ားေတာ့ မေျပာခ်င္ပါဘူး.. အေဖ ဖုန္းဆက္ရင္ သား ကိုင္ေစခ်င္တယ္” လို႔ ေျပာလာခဲ့ပါတယ္။ျမင့္ျမတ္ရဲ့ဖခင္ကေတာ့ သားျဖစ္သူကို လြမ္းဆြတ္ေနခဲ့ဟန္တူပါတယ္ ပရိသတ္ႀကီးေရ ျမင့္ျမတ္တို႔ သားအဖ အျမန္ဆုံး အဆက္အသြယ္ ရနိုင္ပါေစလို႔ပဲ ဆုေတာင္းလိုက္ပါတယ္ေနာ္။

ယူနီကုတ္ျဖင့္ဖတ္ရန္…

ပရိသတ်ကြီးရေ သဘာဝ မင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင် နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။

မြင့်မြတ်ကတော့ မိသားစုတွေကို ပရိတ်ရှေ့ချပြတာနည်းပါး လှပါတယ်။ မြင့်မြတ်ရဲ့ ဖခင် ယခုအချိန်မှာ Taxi မောင်းနေရပြီး ဖုန်းဆက်တဲ့အချိန်မှာ သားကိုဖုန်းကိုင်စေချင်တဲ့အကြောင်းလေးပြောပြလာပါတယ်။

မြင့်မြတ်ရဲ့ အဖေ ဦးမြင့်ကျော်က “အခုလောလောဆယ် စားဖို့ အတွက် နဲ့ လစဉ်သွင်းရမယ့် ငွေလေးတွေ ရှိနေတာကြောင့် လိုအပ်ချက် အရ မဖြစ်မနေ Taxi ကား မောင်းဖြစ်နေတာပါ။ ကိုယ့်ဘဝ ကို ရုန်းကန်နေတာပါ။ သား လုပ်တဲ့ သူက မိသားစု အပေါ်မှာ သိတတ်ပါတယ်။ အင်မတန်လည်း တော်တယ်။

Taxi မောင်းတယ် ဆိုပေမယ့် ကိုယ့်သား ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး မောင်းပါတယ်။ ဦးကြောင့် သား စိတ်အနှောက်အယှက် ဖြစ်စေမယ့် အလုပ်မျိုးတွေကို ရှောင်တယ်။ သားကို များများတော့ မပြောချင်ပါဘူး.. အဖေ ဖုန်းဆက်ရင် သား ကိုင်စေချင်တယ်” လို့ ပြောလာခဲ့ပါတယ်။မြင့်မြတ်ရဲ့ဖခင်ကတော့ သားဖြစ်သူကို လွမ်းဆွတ်နေခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ မြင့်မြတ်တို့ သားအဖ အမြန်ဆုံး အဆက်အသွယ် ရနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်နော်။