နိုင္ငံေက်ာ္ အနုပညာရွင္ဇနီးေမာင္နွံနွစ္ေယာက္ျဖစ္တဲ့ လင္းလင္းနဲ့ ခ်စ္သုေဝတုိ့ကေတာ့ (၂၀၁၄) ခုနွစ္မွာ လက္ထပ္ခဲ့ၾကတာျဖစ္ျပီး အိမ္ေထာင္သက္တမ္း (၇) နွစ္နီးပါးမွာ ေမျမန္မာေခတ္နဲ့ ေမျမန္မာသစ္ဆိုတဲ့ ခ်စ္စရာေကာင္းတဲ့ အျမႊာသမီ းေလးနွစ္ေယာက္ကို ေမြးဖြားပိုင္ဆုိင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက သမီးေလးေတြအတြက္ ခင္ပြန္းျဖစ္သူ လင္းလင္းအတြက္ အိမ္ေထာင္ရွင္မေကာင္ းတစ္ေယာက္ပီသသလို လင္းလင္းကလည္း ခ်စ္ဇနီးအတြက္ ခင္ပြန္းေကာင္းတာဝန္ကို ေက်ပြန္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ လင္းလင္းက ဒီကေန့မွာေတာ့ အေမရိကန္နုိင္ငံ BERKELEY တကၠသိုလ္က ဂုဏ္ထူးေဆာင္ေအာင္လက္မွတ္ ထပ္မံရရိွခဲ့တဲ့ ခ်စ္သုေဝအတြက္ ဟာသေတြေျပာျပီး ဂုဏ္ယူေၾကာင္ းေျပာလာတာကို အခုလုိပဲ ေတြ့ရပါတယ္။

လင္းလင္းက ““ BERKELEY “ ဘာကေလ ဆိုတဲ့ ယူနီဗာစတီကေန Professional Certificate ႀကီးထပ္ရသြားလို႔ဆိုၿပီး ရထားတဲ့ ဒဏ္ရာကိုေတာင္ ဂ႐ုမစိုက္ႏိုင္အားပဲ နံရံကို လက္နဲ႔႐ိုက္လိုက္တာ ကြ်န္ေတာ္တို႔တိုက္ရဲ႕ ဝရံတာကအုတ္ေတြ အခ်ပ္လိုက္ကြာၾကတယ္( အမွန္က အဂၤေတမေကာင္းလို႔ 🥴) ေရအျပည့္ျဖည့္ထားတဲ့ စည္ပိုင္းႀကီး သိမ့္သိမ့္တုန္သြားတယ္ ( ခုထားတဲ့ ဂဲ လြတ္သြားလို႔ 🥴) အိမ္ရာတစ္ဝင္းလုံး မီးအလန္းေတြ ထျမည္တယ္ ( ဘယ္အိမ္က လက္ကျမင္းၿပီး ေယာင္ႏွိပ္မိလိုက္လဲမသိ 🥴) ဖြင့္ထားတဲ့သီခ်င္း ႐ုတ္တရက္ ရပ္သြားတယ္ ( မီးပ်က္သြားတာကိုး 🥴) ဧည့္ခန္းက ဂစ္တာဟာ မတီးဘဲ ထ,ျမည္တယ္ ( ေခတ္ေခတ္ႀကီး တိုက္မိသြားတာေလ 🥴) So proud of u honey :)))))) အခုလဲ အိမ္ရာဝင္းထဲ ပတ္ေျပးေနတာ ၉၉ ပတ္ရွိၿပီ( ကားနဲ႔ ) 🤣” ဆိုျပီး အရႊန္းေဖာက္ေျပာလာတာပဲ ျဖစ္ပါတယ္။

လင္းလင္းကေတာ့ သူ့ရဲ့ ဘက္စံုထူးခြ်န္လြန္းတဲ့ ခ်စ္ဇနီးအတြက္ ဂုဏ္ယူဝမ္းသာေၾကာင္းကို ရိုးရိုးမေျပာပဲ ဟာသေတြနဲ့ အရႊန္းေဖာက္ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဘက္စံုထူးခြ်န္သူေလး ခ်စ္သုေဝအတြက္ ထပ္တူဝမ္းသာေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htwe Lynn Ko’s fb
Credit – Cele Connections

နိုင်ငံကျော် အနုပညာရှင်ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက်တမ်း (၇) နှစ်နီးပါးမှာ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ ချစ်စရာကောင်းတဲ့ အမြွှာသမီ းလေးနှစ်ယောက်ကို မွေးဖွားပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးတွေအတွက် ခင်ပွန်းဖြစ်သူ လင်းလင်းအတွက် အိမ်ထောင်ရှင်မကောင် းတစ်ယောက်ပီသသလို လင်းလင်းကလည်း ချစ်ဇနီးအတွက် ခင်ပွန်းကောင်းတာဝန်ကို ကျေပွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ လင်းလင်းက ဒီကနေ့မှာတော့ အမေရိကန်နိုင်ငံ BERKELEY တက္ကသိုလ်က ဂုဏ်ထူးဆောင်အောင်လက်မှတ် ထပ်မံရရှိခဲ့တဲ့ ချစ်သုဝေအတွက် ဟာသတွေပြောပြီး ဂုဏ်ယူကြောင် းပြောလာတာကို အခုလိုပဲ တွေ့ရပါတယ်။

လင်းလင်းက ““ BERKELEY “ ဘာကလေ ဆိုတဲ့ ယူနီဗာစတီကနေ Professional Certificate ကြီးထပ်ရသွားလို့ဆိုပြီး ရထားတဲ့ ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်အားပဲ နံရံကို လက်နဲ့ရိုက်လိုက်တာ ကျွန်တော်တို့တိုက်ရဲ့ ဝရံတာကအုတ်တွေ အချပ်လိုက်ကွာကြတယ်( အမှန်က အင်္ဂတေမကောင်းလို့ 🥴) ရေအပြည့်ဖြည့်ထားတဲ့ စည်ပိုင်းကြီး သိမ့်သိမ့်တုန်သွားတယ် ( ခုထားတဲ့ ဂဲ လွတ်သွားလို့ 🥴) အိမ်ရာတစ်ဝင်းလုံး မီးအလန်းတွေ ထမြည်တယ် ( ဘယ်အိမ်က လက်ကမြင်းပြီး ယောင်နှိပ်မိလိုက်လဲမသိ 🥴) ဖွင့်ထားတဲ့သီချင်း ရုတ်တရက် ရပ်သွားတယ် ( မီးပျက်သွားတာကိုး 🥴) ဧည့်ခန်းက ဂစ်တာဟာ မတီးဘဲ ထ,မြည်တယ် ( ခေတ်ခေတ်ကြီး တိုက်မိသွားတာလေ 🥴) So proud of u honey :)))))) အခုလဲ အိမ်ရာဝင်းထဲ ပတ်ပြေးနေတာ ၉၉ ပတ်ရှိပြီ( ကားနဲ့ ) 🤣” ဆိုပြီး အရွှန်းဖောက်ပြောလာတာပဲ ဖြစ်ပါတယ်။

လင်းလင်းကတော့ သူ့ရဲ့ ဘက်စုံထူးချွန်လွန်းတဲ့ ချစ်ဇနီးအတွက် ဂုဏ်ယူဝမ်းသာကြောင်းကို ရိုးရိုးမပြောပဲ ဟာသတွေနဲ့ အရွှန်းဖောက်ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘက်စုံထူးချွန်သူလေး ချစ်သုဝေအတွက် ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko’s fb
Credit – Cele Connections