အဆိုတော် ဘီလီလမင်းအေး က တော့ ဂီတ နယ်ပယ်မှာ အကောင်းဆုံး ကြိုးစား လုပ်ကိုင်နေခဲ့ပြီး နေရာ တစ်နေရာ ကို ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Myanmar idol အဆိုပြိုင်ပွဲ ကြီးကနေ မွေးထုတ် ပေးခဲ့ပြီးနောက် ယခု ဆိုရင် ပရိသတ်တွေ ရဲ့ အချစ်တွေ ကို အပြည့်အဝ ရရှိလာခဲ့ပါတယ်။ ဘီလီလမင်းအေး က အသားအရေ ဖြူဖွေး နုဖက်နေသလို တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင် ထားကာ ချစ်စရာကောင်း သူလေးပဲ ဖြစ်ပါတယ်။
ဘီလီလမင်းအေး က ချစ်စရာ ကောင်းတဲ့ ညီမလေး တစ်ယောက်လည်း ရှိပြီး တစ်ဦးတည်း သော ညီမလေး ဖြစ်တာကြောင့် အစ်မဖြစ်သူက ချစ်နေရတာဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း ဘီလီလမင်းအေး က ညီမလေးလေး နဲ့ အတူ ရိုက်ထားတဲ့ အမှတ်တရ ပုံလေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ဘီလီလမင်းအေး က ပရိသတ်တွေ ချစ်အား ပိုလောက်အောင် ညီအစ်မနှစ်ယောက် ရိုက်ထားတဲ့ ပုံလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေး တွေထဲမှာ တော့ ဘီလီလမင်းအေး တို့ညီအစ်မနှစ်ယောက်က အနီရောင် တူညီဝတ်စုံလေးတွေ ဝတ်ဆင်ပြီး အသီးသီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ညီအစ်မ နှစ်ယောက် အပြန်အလှန် အနမ်းတွေပေးနေတာက ကြည်နူးစရာ ကောင်းလောက်ပါတယ်။ ပရိသတ်တွေလည်း ဘီလီလမင်းအေး တို့ညီအစ်မနှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရင်း ချစ်အား ပိုမယ်လို့မျှော်လင့်မိပါတယ်။
Photo Credit – Billy Shwe
Source – BillyLaMinAye fb page