ပရိသတ္ႀကီးေရ.. ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ား ရိုက္ကူးရင္း ပရိသတ္ေတြ ရဲ့ အသိအမွတ္ျပဳအားေပးခ်စ္ခင္မႈေတြကိုအျပ ည့္အဝရရွိထားတဲ့ သ႐ုပ္ေဆာင္မင္းသားေခ်ာဘုန္းဆက္သြင္ကေတာ့ လက္ရွိအေျခအေနေတြမွာ အားလုံးနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။

ဘုန္းဆက္သြင္ကေတာ့ လတ္တေလာကာလေတြမွာ အႏုပညာအလုပ္ေတြအားလုံး ရပ္နားထားရေပမယ့္လည္း ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လူထုလႈပ္ရွားမႈေတြျပဳလုပ္ၿပီး ျပည္သူေတြနဲ႔အတူ ျပဳလုပ္ပါဝင္ေနတာလည္း ျဖစ္ပါတယ္..။က်ဆုံးသြားတဲ့သူရဲေကာင္းေတြအတြက္ လႉဒါန္းမႈေတြကိုလည္း တတ္နိုင္သေလာက္ ျပဳလုပ္ေနတဲ့ ဘုန္းဆက္သြင္ကေတာ့ ဒီကေန႔မွာ ျပဳလုပ္ခဲ့တဲ့ အတာအိုးေတာ္လွန္ေရးမွာ ျပည္သူေတြနဲ႔အတူ ပါဝင္ဆင္ႏြဲွခဲ့တာလည္း ေတြ႕ရပါတယ္..။

အေရးေတာ္ပုံေအာင္ဖို႔အတြက္ အေပ်ာ္သၾကၤန္မဟုတ္တဲ့ ေတာ္လွန္သၾကၤန္မွာ ျပည္သူေတြ နဲ႔ အတူပါဝင္ခဲ့တာျဖစ္ၿပီး လႈပ္ရွားမႈပုံရိပ္ေတြကိုလည္း ဘုန္းဆက္သြင္က သူ႔ရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ျပန္လည္မၽွေဝထားပါေသးတယ္..။“ယေန႔အေပ်ာ္သၾကၤန္မဟုတ္တဲ့ ေတာ္လွန္ သၾကၤန္ရဲရဲ နီေစြး အတာ အိုးေတာ္လွန္ေရးDay 72အေရးေတာ္ပုံ ေအာင္ရမည္..” ဆိုၿပီး လႈပ္ရွားမႈ ပုံရိပ္ေတြကို ေဝမၽွထားတာ ျဖစ္ပါတယ္..။

ေသြးမေအးသြားဘဲ လႈပ္ရွားမႈေတြဆက္တိုက္ ျပဳလုပ္ေနတဲ့ ဘုန္းဆက္သြင္တို႔လူငယ္တစ္စုရဲ့ လႈပ္ရွားမႈပုံရိပ္ေတြကိုလည္း ပရိသတ္ေတြက ခ်ီးက်ဴးကာ အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – Phone Sett Thwin’s Fb Acc
Credit…..

ပရိသတ်ကြီးရေ.. ဇာတ်လမ်းတွဲတော်တော်များများ ရိုက်ကူးရင်း ပရိသတ်တွေ ရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကိုအပြ ည့်အဝရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ကတော့ လတ်တလောကာလတွေမှာ အနုပညာအလုပ်တွေအားလုံး ရပ်နားထားရပေမယ့်လည်း တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ ပြုလုပ်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက် ပြုလုပ်နေတဲ့ ဘုန်းဆက်သွင်ကတော့ ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ အတာအိုးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ဆင်နွဲှခဲ့တာလည်း တွေ့ရပါတယ်..။

အရေးတော်ပုံအောင်ဖို့အတွက် အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်မှာ ပြည်သူတွေ နဲ့ အတူပါဝင်ခဲ့တာဖြစ်ပြီး လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဘုန်းဆက်သွင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။“ယနေ့အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန် သင်္ကြန်ရဲရဲ နီစွေး အတာ အိုးတော်လှန်ရေးDay 72အရေးတော်ပုံ အောင်ရမည်..” ဆိုပြီး လှုပ်ရှားမှု ပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

သွေးမအေးသွားဘဲ လှုပ်ရှားမှုတွေဆက်တိုက် ပြုလုပ်နေတဲ့ ဘုန်းဆက်သွင်တို့လူငယ်တစ်စုရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Phone Sett Thwin’s Fb Acc
Credit…..