ပရိသတ္ႀကီးေရ ျမန္မာ့႐ုပ္ရွင္ေလာကမွာ အသက္အလတ္ပိုင္းအေနနဲ႔ ေအာင္ျမင္မႈရရွိလာၾကတဲ့ ခီေမာင္ႏွံကိုေတာ့ လူတိုင္းသိၿပီးသားျဖစ္ၾကမွာပါေနာ္.. ခီေမာင္ႏွံတို႔ႏွစ္ေယာက္ ရိုက္ကူးထားၾကတဲ့ ႐ုပ္ရွင္ကားႀကီးေတြကေတာ့ လက္ခ်ိဳးေရရေလာက္ေအာင္နည္းပါးေပမဲ့ အေရအတြက္ထက္ အရည္အခ်င္းကသာ အေရးပါတယ္ဆိုတာကို သက္ေသျပသြားတယ္ဆိုတာ ေသခ်ာပါတယ္ေနာ္…။

နိုင္ငံရပ္ျခားမွာ ႐ုပ္ရွင္ပညာေတြ ဆည္းပူးၿပီး ျမန္မာနိုင္ငံကို ခ်စ္လို႔ ျပန္လည္အေျခခ်လာတဲ့ ခီေမာင္ႏွံတို႔က ေရြးေကာက္ပြဲႀကီးမျပဳလုပ္ခင္မွာလည္း ျမန္မာျပည္တစ္ဝွမ္းမွာ ဖြံၿဖိဳးဆဲေနရာေတြျဖစ္တဲ့ လမ္းတံတားေကာင္းမြန္မႈေတြကို ရိုက္ကူးၿပီး ျပည္သူအမ်ားကို ခ်ျပခဲ့တာေတြလည္း လုပ္ေဆာင္ခဲ့ၾကသူေတြ ျဖစ္ၾကတယ္.။

ျပည္သူေတြေရြးခ်ယ္ထားတဲ့ ျပည္သူ႔အစိုးရကို စစ္တပ္ကမတရားဖမ္းဆီးၿပီးအာဏာသိမ္းလိုက္ၿပီး ေနာက္ပိုင္းမွာေတာ့ ျပည္သူထဲက ျပည္သူေတြျဖစ္ၾကတဲ့ ခီေမာင္ႏွံတို႔လည္း ခံစားခ်က္ေတြ ပြင့္ထြက္လာခဲ့ရျပန္ပါတယ္။စစ္အာဏာရွင္ျဖဳတ္ခ်ေရးမွာလည္း အေရးႀကီးတဲ့ အပိုင္းျဖစ္တဲ့ CDM မွာပါဝင္ေပးၾကတဲ့ ဝန္ထမ္းအားလုံးအတြက္ ကူညီ ေဆာင္ရြက္ေရးအတြက္ ဖြဲ႕စည္းထားတဲ့ “We Support Heroes” အစီအစဥ္တြင္ ပါဝင္ကာ အားျဖည့္ ကူညီသြား မယ္လို႔ သိရပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာကေနလည္း ျပည္သူ႔အစိုးရကို ျပန္လည္ရရွိေရးအတြက္ ျပည္သူလူထုနဲ႔အတူ ရင္ဘတ္ခ်င္းထပ္တူက်ေနပါတယ္လို႔လည္း သက္ေသေတြျပလို႔ေနပါတယ္.။ဒီလိုမ်ိဳး မိမိတို႔တတ္နိုင္တဲ့ဘက္ကေန ဝန္းရံေပးၾကတဲ့ အႏုပညာရွင္ေတြအတြက္ ပရိသတ္ႀကီးလည္း အားေပးစကားေလး ေျပာေပးသြားၾကပါအုံးေနာ္…။

Source: Christina Kyi

ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ အသက်အလတ်ပိုင်းအနေနဲ့ အောင်မြင်မှုရရှိလာကြတဲ့ ခီမောင်နှံကိုတော့ လူတိုင်းသိပြီးသားဖြစ်ကြမှာပါနော်.. ခီမောင်နှံတို့နှစ်ယောက် ရိုက်ကူးထားကြတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ လက်ချိုးရေရလောက်အောင်နည်းပါးပေမဲ့ အရေအတွက်ထက် အရည်အချင်းကသာ အရေးပါတယ်ဆိုတာကို သက်သေပြသွားတယ်ဆိုတာ သေချာပါတယ်နော်…။

နိုင်ငံရပ်ခြားမှာ ရုပ်ရှင်ပညာတွေ ဆည်းပူးပြီး မြန်မာနိုင်ငံကို ချစ်လို့ ပြန်လည်အခြေချလာတဲ့ ခီမောင်နှံတို့က ရွေးကောက်ပွဲကြီးမပြုလုပ်ခင်မှာလည်း မြန်မာပြည်တစ်ဝှမ်းမှာ ဖွံဖြိုးဆဲနေရာတွေဖြစ်တဲ့ လမ်းတံတားကောင်းမွန်မှုတွေကို ရိုက်ကူးပြီး ပြည်သူအများကို ချပြခဲ့တာတွေလည်း လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ကြတယ်.။

ပြည်သူတွေရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကို စစ်တပ်ကမတရားဖမ်းဆီးပြီးအာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာတော့ ပြည်သူထဲက ပြည်သူတွေဖြစ်ကြတဲ့ ခီမောင်နှံတို့လည်း ခံစားချက်တွေ ပွင့်ထွက်လာခဲ့ရပြန်ပါတယ်။စစ်အာဏာရှင်ဖြုတ်ချရေးမှာလည်း အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ CDM မှာပါဝင်ပေးကြတဲ့ ဝန်ထမ်းအားလုံးအတွက် ကူညီ ဆောင်ရွက်ရေးအတွက် ဖွဲ့စည်းထားတဲ့ “We Support Heroes” အစီအစဉ်တွင် ပါဝင်ကာ အားဖြည့် ကူညီသွား မယ်လို့ သိရပါတယ်။

လူမှုကွန်ယက်စာမျက်နှာကနေလည်း ပြည်သူ့အစိုးရကို ပြန်လည်ရရှိရေးအတွက် ပြည်သူလူထုနဲ့အတူ ရင်ဘတ်ချင်းထပ်တူကျနေပါတယ်လို့လည်း သက်သေတွေပြလို့နေပါတယ်.။ဒီလိုမျိုး မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံပေးကြတဲ့ အနုပညာရှင်တွေအတွက် ပရိသတ်ကြီးလည်း အားပေးစကားလေး ပြောပေးသွားကြပါအုံးနော်…။

Source: Christina Kyi