အဆိုေတာ္မေလး အိမ့္ခ်စ္ကေတာ့ သူမရဲ့ ဂီတသက္တမ္းတစ္ေလွ်ာက္မွာ အခ်စ္ေရးကိစၥနဲ့ ပက္သတ္ျပီး လွ်ိဳ့ဝွက္ထားခဲ့ရာ လက္ထပ္ခြင့္ေတာင္းခံခဲ့ရတဲ့အခ်ိန္မွ ပရိသတ္ေတြကို ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနနဲ့လ ေရႊနဲ့ျမလို လိုက္ဖက္လြန္းတဲ့ အိမ့္ခ်စ္တို့ စံုတြဲအတြက္ ဝမ္းသာခဲ့ၾကျပီး မဂၤလာေဆာင္ခ်ိန္မွာလည္း ေကာင္းခ်ီးမ်ားစြာေပးခဲ့တာပဲ ျဖစ္ပါတယ္။ အိမ့္ခ်စ္တို့ ဇနီးေမာင္နွံကလည္း မဂၤလာသက္တမ္း တစ္နွစ္နီးပါးတိုင္ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္လို့မဝနိုင္ရိွၾကတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ အိမ့္ခ်စ္က ျမန္မာျပည္မွာ သူမရဲ့ အနုပညာအလုပ္ေတြကိုလုပ္ကိုင္ေနလ်က္ရိွျပီး အိမ့္ခ်စ္ရဲ့ခင္ပြန္းကို Eric က သူ့ရဲ့အလုပ္ေတြရိွရာ ထိုင္းနိုင္ငံ၊ ဘန္ေကာက္မွာ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ တစ္ေယာက္နဲ့တစ္ေယာက္ တစ္နိုင္ငံစီေဝးေနေပမယ့္ အိမ့္ခ်စ္ရဲ့ အနုပညာလႈပ္ရွားမႈတိုင္းကို စိတ္ဝင္တစားနဲ့ အားေပးေစာင့္ၾကည့္ေနတဲ့အေၾကာင္းကို အိမ့္ခ်စ္က သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာေပၚမွာ အခုလိုပဲ ျပသလာပါတယ္။

ကို Eric ကေတာ့ အိမ့္ခ်စ္ကို အားေပးေနတဲ့ ပရိသတ္ေတြအမ်ားၾကီးထဲကမွ အမာခံပရိသတ္တစ္ေယာက္ျဖစ္တယ္ဆိုတာ ေျပာဖို့ေတာင္လိုမယ္ မထင္ပါဘူး။ ပရိသတ္ၾကီးလည္း အိမ့္ခ်စ္တို့ ဇနီးေမာင္နွံကိုၾကည့္ျပီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Eint Chit’s fb
Credit – Cele Connections

အဆိုတော်မလေး အိမ့်ချစ်ကတော့ သူမရဲ့ ဂီတသက်တမ်းတစ်လျှောက်မှာ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး လျှို့ဝှက်ထားခဲ့ရာ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့အချိန်မှ ပရိသတ်တွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ အိမ့်ချစ်တို့ စုံတွဲအတွက် ဝမ်းသာခဲ့ကြပြီး မင်္ဂလာဆောင်ချိန်မှာလည်း ကောင်းချီးများစွာပေးခဲ့တာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်တို့ ဇနီးမောင်နှံကလည်း မင်္ဂလာသက်တမ်း တစ်နှစ်နီးပါးတိုင် တစ်ယောက်ကိုတစ်ယောက် ချစ်လို့မဝနိုင်ရှိကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိမ့်ချစ်က မြန်မာပြည်မှာ သူမရဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေလျက်ရှိပြီး အိမ့်ချစ်ရဲ့ခင်ပွန်းကို Eric က သူ့ရဲ့အလုပ်တွေရှိရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်နိုင်ငံစီဝေးနေပေမယ့် အိမ့်ချစ်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ အားပေးစောင့်ကြည့်နေတဲ့အကြောင်းကို အိမ့်ချစ်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အခုလိုပဲ ပြသလာပါတယ်။

ကို Eric ကတော့ အိမ့်ချစ်ကို အားပေးနေတဲ့ ပရိသတ်တွေအများကြီးထဲကမှ အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ပရိသတ်ကြီးလည်း အိမ့်ချစ်တို့ ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eint Chit’s fb
Credit – Cele Connections