ပရိသတ္ႀကီးေရ .. ရန္ကုန္ က ေကာင္ေလးနဲ႔ မႏၲေလးက ေကာင္မေလးရဲ႕ LDRS အခ်စ္ဇာတ္လမ္းေလးကို ေရးဖြဲ႕ထားတဲ့ အဆိုေတာ္ G-fatt ရဲ႕ အေဝးေျပးလမ္းမႀကီးဆိုတဲ့ သီခ်င္းေလးက ပရိသတ္ေတြၾကားမွာ အေတာ္ေလးေရပန္းစားခဲ့တာပါ ။ Music Video ထြက္ရွိတုန္းကလည္း ပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတဲ့ သီခ်င္းေကာင္းေလး တစ္ပုဒ္လည္းျဖစ္ပါတယ္ ။

လတ္တေလာမွာေတာ့ G-fatt က အေဝးေျပးလမ္းမႀကီးဆိုတဲ့ သီခ်င္းေလးကို ျဖစ္ေပၚ ေစခဲ့တဲ့ ကဗ်ာေလးတစ္ပုဒ္ကို ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။ ကဗ်ာေလးရဲ႕ အမည္ကေတာ့ အကြာအေဝး လို႔အမည္ရၿပီး ကဗ်ာ ဆရာ ယဥ္ဝယ္ထက္က ေရးသားထားတာ ပဲျဖစ္ပါတယ္ ။ ဒီကဗ်ာေလးကို ႐ြတ္ဆိုထားတဲ့ ဗီဒီယိုေလးကို G-fatt က ျပန္လည္မွ်ေဝေပးခဲ့ၿပီး ဒီကဗ်ာေလးေၾကာင့္ အေဝးေျပးလမ္းမႀကီး ဆိုတဲ့ သီခ်င္းေလးကို ေရးသားျဖစ္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပခဲ့တာပါ ။

အေဝး ေျပးလမ္းမႀကီး ဆိုတဲ့ G-fatt သီခ်င္းေလးကို ႀကိဳက္ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြကေတာ့ အကြာအေဝး ဆိုတဲ့ ကဗ်ာေလးကိုလည္း သေဘာက် ႏွစ္ၿခိဳက္ေၾကာင္း မွတ္ခ်က္ေလးေတြေရးသားခဲ့ၾကပါတယ္ ။ G-fatt ကိုခ်စ္တဲ့ ဆယ္လီကမာၻ ပရိသတ္ႀကီးအတြက္လည္း ဒီသီခ်င္းေလးကို ျဖစ္ေပၚ ေစခဲ့တဲ့ ကဗ်ာ ဆရာ ယဥ္ဝယ္ထက္ရဲ႕ ကဗ်ာေလးကို နားဆင္ႏိုင္ဖို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : G-fatt
Credit ; (Cele Gabar)

ပရိသတ်ကြီးရေ .. ရန်ကုန် က ကောင်လေးနဲ့ မန္တလေးက ကောင်မလေးရဲ့ LDRS အချစ်ဇာတ်လမ်းလေးကို ရေးဖွဲ့ထားတဲ့ အဆိုတော် G-fatt ရဲ့ အဝေးပြေးလမ်းမကြီးဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပါ ။ Music Video ထွက်ရှိတုန်းကလည်း ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ သီချင်းကောင်းလေး တစ်ပုဒ်လည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ G-fatt က အဝေးပြေးလမ်းမကြီးဆိုတဲ့ သီချင်းလေးကို ဖြစ်ပေါ် စေခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကဗျာလေးရဲ့ အမည်ကတော့ အကွာအဝေး လို့အမည်ရပြီး ကဗျာ ဆရာ ယဉ်ဝယ်ထက်က ရေးသားထားတာ ပဲဖြစ်ပါတယ် ။ ဒီကဗျာလေးကို ရွတ်ဆိုထားတဲ့ ဗီဒီယိုလေးကို G-fatt က ပြန်လည်မျှဝေပေးခဲ့ပြီး ဒီကဗျာလေးကြောင့် အဝေးပြေးလမ်းမကြီး ဆိုတဲ့ သီချင်းလေးကို ရေးသားဖြစ်ခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့တာပါ ။

အဝေး ပြေးလမ်းမကြီး ဆိုတဲ့ G-fatt သီချင်းလေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကတော့ အကွာအဝေး ဆိုတဲ့ ကဗျာလေးကိုလည်း သဘောကျ နှစ်ခြိုက်ကြောင်း မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ G-fatt ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ဒီသီချင်းလေးကို ဖြစ်ပေါ် စေခဲ့တဲ့ ကဗျာ ဆရာ ယဉ်ဝယ်ထက်ရဲ့ ကဗျာလေးကို နားဆင်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : G-fatt
Credit ; (Cele Gabar)