ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ရတနာဗိုလ်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ဇာတ်လမ်းတွဲများစွာရိုက်ကူးရင်း ပရိတ်သတ်အားပေးမှုကိုခိုင်ခိုင်မာမာရရှိလာခဲ့တဲ့မင်းတစ်လက်ပဲဖြစပါတယ်နော်.။ရတနာဗိုလ်ဟာဆိုရင်ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အနုပညာလမ်းကြောင်းပေါ်မှာ.နှေုထိအောင်မြင်စွာနဲ့လျှောက်လှမ်းလာနိုင်ခဲ့တာပဲဖြစ်ပါတယ်.။သူမကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး လူထုလှုပ်ရှားမှုမှာတတက်ကြွစွာပါဝင်ခဲ့တာပဲဖြစ်ပါတယ်နော်..။

ရတနာဗိုလ်ဟာဆိုရင်လူထုလှုပ်ရှားမ့မှာပါဝင်ခဲ့ရုံသာမက လိုအပ်တဲ့နေရာတွေမှာလည်းအလှူအတန်းတွေလုပ်ပေးနေတာကို ဝမ်းမြောက်ဝမ်းသာတွေ့ခဲ့ရပါသေးတယ်ပရိတ်သတ်ကြီးရေ။နွေဦးတော်လှန်ရေးမှာနေ့စဉ်လမ်းပေါ်ထွက်ပြီးပြည်သူလူထုနဲ့အတူလွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် သူမကိုပုဒ်မ ၅၀၅(က)ဖြင့် တရားဆွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင် ရတနာဗိုလ်ဟာ ဘေးကင်းရာသို့ခေတ္တခဏတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူမရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရတနာဗိုလ်ရဲ့ Facebook Story တွင် လက်ရှိခံစားနေရတာတွေကိုပြောပြလာတာ ဖြစ်ပါတယ်။

သူမကတော့ အခြေအနေတွေကြောင့် အိမ်နဲ့ဝေးရာမှာ ခေတ္တတိမ်းရှောင်နေရပြီး မိသားစုကို လွမ်းနေကြောင်းရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။“အိမ်ကိုပစ်ပြီး ပြေးရ မိဝေးဖဝေးနေရ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်း မအိပ်ရ၊ အဆက်ပြေအောင် ဖြစ်သလိုနေရ၊သောကစိတ်တွေနဲ့ ရှေ့ဆက်လျှောက်နေရလည်း ပေးဆပ်လိုက်ရတဲ့ သူရဲကောင်းများရဲ့ဘဝတွေ၊ပြည်သူ့ဝန်ထမ်းသူရဲကောင်းတွေနဲ့ယှဉ်ရင် စာမဖွဲ့လောက်ပါဘူး။ ဒါပေမယ့်မိသားစုကို လွမ်းတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတဲ့ အနုပညာရှင်တစ်ချို့ဟာလည်း မိသားစုတွေနဲ့ ခွဲခွာကာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတာပါ။အရေးတော်ပုံကြီးအောင်မြင်ပြီး ခွဲခွာနေရတဲ့မိသားစုတွေ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit…..




Credit…..