



ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းနဲ့ မင်းမော်ကွန်းက အနုပညာအလုပ်တွေကို အတူတူတွဲဖက်လုပ်ကိုင်ခဲ့ကြပြီး နောက်ဆုံးရိုက်ကူးခဲ့တဲ့ “လေးပါးကျော့ရှိန် ဝရဇိန်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ထွန်းထွန်းနဲ့ မင်းမော်ကွန်းက နှင်းဆီအဖွဲ့နဲ့အတူတူ လူရွှင်တော်တွေအဖြစ် ပါဝင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုရင်းတွေလို ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့ရဲ့ညီအစ်ကိုတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အမြဲတမ်း စစနောက်နောက်ရှိကြတဲ့ မင်းမော်ကွန်းနဲ့ ထွန်းထွန်းက ဒီကနေ့မှာလည်း ပရိသတ်တွေနဲ့တကွ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ စနောက်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့က တစ်ယောက်နဲ့တစ်ယောက် အသက်ဝင်လွန်းတဲ့ အပြန်အလှန်အကြည့်တွေကြောင့် ပရိသတ်တွေက သဘောကျနေရတာပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့ကတော့ ရည်ရွယ်ထားခြင်းမရှိတဲ့ အကြည့်တွေကြောင့်ပဲ ပရိသတ်တွေက သို့လော သို့လောနဲ့ စနောက်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Htay Lwin ‘s fb
Credit – Cele Connections