


Credit – Cele Zone

Photo – Moe Sat

အရင်ခေတ် တစ်ချိန်ထဲက TV ဖန်သားပြင်ထက်မှာ ရယ်စရာ ဟာသပြတ်လုံးတွေနဲ့ ဟာသဉာဏ်ရွှင်မှုတွေအပြင် ဟန်ပန်အမူအရာတွေကြောင့် ယနေ့အချိန်ထိပရိသတ်တွေ အမြဲအမှတ်ရနေတဲ့ ဝါရင့်ဟာသလူရွှင်တော်ကတော့ ဦးမိုးဒီပဲဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဦးမိုးဒီကို ချစ်ကြလို့ သူရဲ့ လှုပ်ရှားမှု တိုင် းကို စောင့်မျှော်နေကြဆဲပါ ။

လူရွှင်တော်မိုးစက်ဆိုရင်လည်း လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာ သမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါ တယ်။

ဒီနေ့မှာတော့ သူတို့ နှစ်ယောက် အတူတူ ရိုက်ကူးနေတဲ့ ကြော်ငြာရိုက်ကွင်းထက်က ပုံရိပ် အချို့ကို အမှတ်တရ ဖော်ပြလာ တာတွေ့ရပါတယ် ။ အတွဲညီညီ နှစ်ယောက်သား သရုပ်ဆောင်နေတဲ့ ပုံရိပ်တွေက တကယ်ကို ချစ်စရာပါပဲ ။ ပရိသတ်ကြီးအတွက် ဦးမိုးဒီတဲ့ မိုးစက်တို့ရဲ့ ရိုက်ကွင်းက ပုံရိပ်တွေကို ဝေမျှပေး လိုက်ပါ ရစေ ။

Credit – Cele Zone

Photo – Moe Sat