အကယ္ဒမီ ထြန္းထြန္းဟာ ဇန္နဝါရီ ၉ ရက္ မေန႔က ညပိုင္းက အျမန္လမ္းမႀကီးေပၚမွာ မထင္မွတ္ထားတဲ့ အႏၲရာယ္တစ္ခုနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အကယ္ဒမီ ထြန္းထြန္းအား အကုန္သိသတင္းဌာနမွ ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရေသးတာေၾကာင့္ မိတၳီလာၿမိဳ႕ “မ်ိဳးဆက္သစ္ျမတ္ပါရမီလူမႈကူညီေရးအသင္း” ေဖာ္ျပခ်က္အတိုင္း ေရးသားေဖာ္ျပလိုက္ပါတယ္။

ဇန္နဝါရီလ ၉ ရက္ ည ၁၀ နာရီ မိနစ္ ၃၀ အခ်ိန္ခန႔္က ရန္ကုန္ၿမိဳ႕ဘက္မွ မႏၲေလးဘက္သို႔ အကယ္ဒမီ ထြန္းထြန္း ေမာင္းႏွင္လာေသာ Alphard အျဖဴေရာင္ယာဥ္သည္ အျမန္လမ္းမိုင္တိုင္ (၂၂၆) အေရာက္ အတက္/အဆင္းေနရာမွာ (​ခန႔္မွန္း) အရွည္ ၆ ေပ၊ အခ်င္း ၅ လက္မ/ ၆ လက္မခန႔္ရွိတဲ့ သစ္လုံးတစ္လုံးႀကီးကို အျမန္လမ္း လမ္းအလယ္မွာ ကန႔္လန႔္ပိတ္ထားတာကို ႐ုတ္တရက္ေတြ႕ရွိလိုက္ရတာေၾကာင့္ ကီလို (၁၀၀)အရွိန္နဲ႔ေမာင္းလာတဲ့ ထြန္းထြန္းက သစ္လုံးကို ရသေလာက္ေရွာင္တိန္းေမာင္းခဲ့ရၿပီး ယာဥ္ရဲ့ဘယ္ဘက္ဘီး၊ ကားဝမ္းဗိုက္တို႔ႏွင့္ တိုက္မိသျဖင့္ ကားဘီးေပါက္၊ ဂီယာေဘာက္တိုက္/ကြဲ ကာ ကားေအာက္ပိုင္းတစ္ခုလုံး သစ္လုံးနဲ႔ပြတ္တိုက္မိခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ယာဥ္က မရပ္တန႔္သြားျခင္းမရွိခဲ့ဘဲ ေရွ႕ဘီးအေပါက္ျဖင့္ ေလးဖာလုံေလာက္ ဆက္ေမာင္းႏွင္ၿပီးမွ ကားရပ္တန႔္သြားခဲ့တယ္လို႔သိရကာ ေရွ႕ဘီး ျမန္ျမန္လဲၿပီး ကားဆက္ေမာင္းလာခဲ့ရတယ္လို႔သိရပါတယ္။ ကားေပၚ စီးနင္းလိုက္ပါလာတဲ့ အမ်ိဳးသား(၂) ေယာက္လုံး ဒဏ္ရာရရွိမႈ မရွိခဲ့ေပမယ့္ အျမန္လမ္း မိုင္တိုင္ (၂၃၀) အေရာက္မွာ ယာဥ္ကို ဆက္ေမာင္းလို႔မရေတာ့ဘဲ စက္ေသသြားခဲ့တယ္လို႔သိရပါတယ္။

ည ၁၀ နာရီ ၅၅ မိနစ္မွ ထြန္းထြန္းတို႔က အျမန္လမ္းမ်ိဳးဆက္သစ္ျမတ္ပါရမီအသင္း ကိုဆက္သြယ္အကူအညီေတာင္းခံခဲ့ၾကကာ “၎တို႔ မနက္ အေရးႀကီးအလုပ္ကိစၥတစ္ခုရွိေၾကာင္း ႏွင့္ လမ္းမွာ သစ္လုံးကို အရွိန္ျဖင့္ တက္နင္းမိေၾကာင္း” ဆက္သြယ္ခဲ့တာေၾကာင့္ မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္းမွ အေရးေပၚ ကယ္ဆယ္ေရးယာဥ္တစ္စီးနဲ႔ အေရးေပၚ သြားေရာက္ကူညီခဲ့ရတယ္လို႔သိရပါတယ္။

မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္းအေနနဲ႔ ည(၁၂)နာရီ အခ်ိန္မွာ ထြန္းထြန္းတို႔ရွိရာ အျမန္လမ္းမိုင္တိုင္ (၂၃၀)သို႔ ေရာက္ရွိခဲ့ၾကၿပီး ေမာင္းမရေတာ့တဲ့ ယာဥ္ကို ကရိန္းျဖင့္ ေရႊ႕ေျပာင္းသယ္ေဆာင္ခဲ့ကာထြန္းထြန္းတို႔အဖြဲ႕ကိုေတာ့ ကယ္ဆယ္ေရးယာဥ္ျဖင့္ မႏၲေလးသို႔ ပို႔ေဆာင္ကူညီေပးခဲ့တယ္လို႔သိရပါတယ္။

Credit ; Swelsone News

အကယ်ဒမီ ထွန်းထွန်းဟာ ဇန်နဝါရီ ၉ ရက် မနေ့က ညပိုင်းက အမြန်လမ်းမကြီးပေါ်မှာ မထင်မှတ်ထားတဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အကယ်ဒမီ ထွန်းထွန်းအား အကုန်သိသတင်းဌာနမှ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးတာကြောင့် မိတ္ထီလာမြို့ “မျိုးဆက်သစ်မြတ်ပါရမီလူမှုကူညီရေးအသင်း” ဖော်ပြချက်အတိုင်း ရေးသားဖော်ပြလိုက်ပါတယ်။

ဇန်နဝါရီလ ၉ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်မြို့ဘက်မှ မန္တလေးဘက်သို့ အကယ်ဒမီ ထွန်းထွန်း မောင်းနှင်လာသော Alphard အဖြူရောင်ယာဉ်သည် အမြန်လမ်းမိုင်တိုင် (၂၂၆) အရောက် အတက်/အဆင်းနေရာမှာ (​ခန့်မှန်း) အရှည် ၆ ပေ၊ အချင်း ၅ လက်မ/ ၆ လက်မခန့်ရှိတဲ့ သစ်လုံးတစ်လုံးကြီးကို အမြန်လမ်း လမ်းအလယ်မှာ ကန့်လန့်ပိတ်ထားတာကို ရုတ်တရက်တွေ့ရှိလိုက်ရတာကြောင့် ကီလို (၁၀၀)အရှိန်နဲ့မောင်းလာတဲ့ ထွန်းထွန်းက သစ်လုံးကို ရသလောက်ရှောင်တိန်းမောင်းခဲ့ရပြီး ယာဉ်ရဲ့ဘယ်ဘက်ဘီး၊ ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့် ကားဘီးပေါက်၊ ဂီယာဘောက်တိုက်/ကွဲ ကာ ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးနဲ့ပွတ်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်က မရပ်တန့်သွားခြင်းမရှိခဲ့ဘဲ ရှေ့ဘီးအပေါက်ဖြင့် လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှ ကားရပ်တန့်သွားခဲ့တယ်လို့သိရကာ ရှေ့ဘီး မြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ရတယ်လို့သိရပါတယ်။ ကားပေါ် စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂) ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမယ့် အမြန်လမ်း မိုင်တိုင် (၂၃၀) အရောက်မှာ ယာဉ်ကို ဆက်မောင်းလို့မရတော့ဘဲ စက်သေသွားခဲ့တယ်လို့သိရပါတယ်။

ည ၁၀ နာရီ ၅၅ မိနစ်မှ ထွန်းထွန်းတို့က အမြန်လမ်းမျိုးဆက်သစ်မြတ်ပါရမီအသင်း ကိုဆက်သွယ်အကူအညီတောင်းခံခဲ့ကြကာ “၎င်းတို့ မနက် အရေးကြီးအလုပ်ကိစ္စတစ်ခုရှိကြောင်း နှင့် လမ်းမှာ သစ်လုံးကို အရှိန်ဖြင့် တက်နင်းမိကြောင်း” ဆက်သွယ်ခဲ့တာကြောင့် မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တစ်စီးနဲ့ အရေးပေါ် သွားရောက်ကူညီခဲ့ရတယ်လို့သိရပါတယ်။

မျိုးဆက်သစ်မြတ်ပါရမီအသင်းအနေနဲ့ ည(၁၂)နာရီ အချိန်မှာ ထွန်းထွန်းတို့ရှိရာ အမြန်လမ်းမိုင်တိုင် (၂၃၀)သို့ ရောက်ရှိခဲ့ကြပြီး မောင်းမရတော့တဲ့ ယာဉ်ကို ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကာထွန်းထွန်းတို့အဖွဲ့ကိုတော့ ကယ်ဆယ်ရေးယာဉ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Credit ; Swelsone News