သရုပ္ေဆာင္နဲ့ အဆုိေတာ္ ထြန္းထြန္း ကေတာ့ မေန့က ဇန္နဝါရီလ (၉) ရက္ေန့ညပိုင္းမွာ ရန္ကုန္ျမိဳ့ကေန မႏၱေလးျမိဳ့ဘက္ကို ခရီးသြားရင္း လမ္းခရီးမွာ မေမွ်ာ္လင့္ပဲ အႏၱရာယ္နဲ့ ၾကံဳေတြ့ခဲ့ရတာ ျဖစ္ပါတယ္။ ထြန္းထြန္းတုိ့ေမာင္းနွင္လာတဲ့ကားက လမ္းေပၚမွာ ရည္ရြယ္ခ်က္ရိွရိွ ခ်ထားတဲ့ သစ္တံုးကို ေရွာင္တိန္းဖို့ အရိွန္ေလ်ာ့ လိုက္ရာမွ ကားဘီးေပါက္၊ ဂီယာေဘာက္ကြဲျပီး ကားေအာက္ပိုင္းတစ္ခုလံုး သစ္လံုးျဖင့္ ပြတ္မိခဲ့တာပဲ ျဖစ္ပါတယ္။ ထိုျဖစ္စဥ္နဲ့ ပက္သတ္ျပီး ထြန္းထြန္းက သူ့ကို စိတ္ပူေနၾကတဲ့ ပရိသတ္ေတြအတြက္ အခုလိုပဲ သူ့ရဲ့ အေျခ အေနကို အခုလိုပဲ ေျပာျပလာပါတယ္။

“ကြၽန္ေတာ့ မိတ္ေဆြေတြကိုစိတ္ပူေစမိလို႔ အားလုံးကို ခြင့္လႊတ္ပါလို႔ေျပာလိုပါတယ္။ ကြၽန္ေတာ္ အရာရာအဆင္ေျပပါတယ္ဗ်ာ။ အခက္အခဲျဖစ္ေနခ်ိန္မွာ အရာရာကူညီေပးတဲ့ ခ်စ္ကိုႀကီးကိုေနလင္းဦး, ကရိန္းကားအစ္ကိုႀကီးေတြ နဲ႔ မ်ိဳးဆက္သစ္ျမတ္ပါရမီ လူမႈကယ္ဆယ္ေရး အဖြဲ႕မိထၱီလာမွ ကိုေက်ာ္ကိုကို ကို ေက်းဇူးအရမ္း တင္ပါတယ္လို႔ အဓိကေျပာပါရေစ။ မေန႔ညက စိတ္ရႈပ္စရာျဖစ္ထားလို႔ ကြၽန္ေတာ္ ေနာက္ရက္က်မွ ဘာေတြျဖစ္တာလည္း ဆိုတာ မိတ္ေဆြတို႔ကို ေအးေဆး Liveလႊင့္ၿပီး အတင္းတုတ္ၾကမယ္ေနာ္။ ခုေတာ့ တေနကုန္ လုပ္စရာ အလုပ္ေတြျပီးၿပီျဖစ္လို႔ ေတာင္ေပၚမွာ ေစာေစာနားပါမယ္။ အျမန္လမ္းမွာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ခရီးသြားေတြအေပၚ ယုတ္မာတဲ့သူေတြလည္း တူေသာအက်ိဳးေပး မျဖစ္ၾကဖို႔ပဲ ဆုေတာင္းေပးပါတယ္ဗ်ာ။ အားလုံးပဲ က်န္းမာ႐ႊင္လန္းပါေစဗ်ာ” ဆိုျပီး သူ့ရဲ့ အေျခအေနကို ေျပာလာပါတယ္။

ထြန္းထြန္းကေတာ့ ကားအက္ဆီဒင့္ေၾကာင့္ ကားကေမာင္းမရေအာင္ ထိခုိက္သြ ားတယ္ဆိုေပမယ့္ လူက ဘာမွျဖစ္မသြားတာပဲ ေတာ္ေတာ္ေလး ကံေကာင္းလွျပီပဲ ျဖစ္ပါတယ္။ ထြန္းထြန္းတစ္ေယာက္ သြားလမ္းသာျပီး လာလမ္းေခ်ာေမြ့ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Tun Tun . Examplez’s fb
Credit – Cele Connections

သရုပ်ဆောင်နဲ့ အဆိုတော် ထွန်းထွန်း ကတော့ မနေ့က ဇန်နဝါရီလ (၉) ရက်နေ့ညပိုင်းမှာ ရန်ကုန်မြို့ကနေ မန္တလေးမြို့ဘက်ကို ခရီးသွားရင်း လမ်းခရီးမှာ မမျှော်လင့်ပဲ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထွန်းထွန်းတို့မောင်းနှင်လာတဲ့ကားက လမ်းပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ချထားတဲ့ သစ်တုံးကို ရှောင်တိန်းဖို့ အရှိန်လျော့ လိုက်ရာမှ ကားဘီးပေါက်၊ ဂီယာဘောက်ကွဲပြီး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်မိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဖြစ်စဉ်နဲ့ ပက်သတ်ပြီး ထွန်းထွန်းက သူ့ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် အခုလိုပဲ သူ့ရဲ့ အခြေ အနေကို အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်တော့ မိတ်ဆွေတွေကိုစိတ်ပူစေမိလို့ အားလုံးကို ခွင့်လွှတ်ပါလို့ပြောလိုပါတယ်။ ကျွန်တော် အရာရာအဆင်ပြေပါတယ်ဗျာ။ အခက်အခဲဖြစ်နေချိန်မှာ အရာရာကူညီပေးတဲ့ ချစ်ကိုကြီးကိုနေလင်းဦး, ကရိန်းကားအစ်ကိုကြီးတွေ နဲ့ မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေး အဖွဲ့မိထ္တီလာမှ ကိုကျော်ကိုကို ကို ကျေးဇူးအရမ်း တင်ပါတယ်လို့ အဓိကပြောပါရစေ။ မနေ့ညက စိတ်ရှုပ်စရာဖြစ်ထားလို့ ကျွန်တော် နောက်ရက်ကျမှ ဘာတွေဖြစ်တာလည်း ဆိုတာ မိတ်ဆွေတို့ကို အေးဆေး Liveလွှင့်ပြီး အတင်းတုတ်ကြမယ်နော်။ ခုတော့ တနေကုန် လုပ်စရာ အလုပ်တွေပြီးပြီဖြစ်လို့ တောင်ပေါ်မှာ စောစောနားပါမယ်။ အမြန်လမ်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ခရီးသွားတွေအပေါ် ယုတ်မာတဲ့သူတွေလည်း တူသောအကျိုးပေး မဖြစ်ကြဖို့ပဲ ဆုတောင်းပေးပါတယ်ဗျာ။ အားလုံးပဲ ကျန်းမာရွှင်လန်းပါစေဗျာ” ဆိုပြီး သူ့ရဲ့ အခြေအနေကို ပြောလာပါတယ်။

ထွန်းထွန်းကတော့ ကားအက်ဆီဒင့်ကြောင့် ကားကမောင်းမရအောင် ထိခိုက်သွ ားတယ်ဆိုပေမယ့် လူက ဘာမှဖြစ်မသွားတာပဲ တော်တော်လေး ကံကောင်းလှပြီပဲ ဖြစ်ပါတယ်။ ထွန်းထွန်းတစ်ယောက် သွားလမ်းသာပြီး လာလမ်းချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Tun Tun . Examplez’s fb
Credit – Cele Connections