ပရိတ္သတ္ၾကီးေရ….ေနေဒြးကေတာ့ လက္ရွိ ျမန္မာနိုင္ငံ မွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ ရပ္တည္ ေနသူပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ရရာေနရာကေနတတ္နိုင္သေလာက္ပါဝင္ကူညီအားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ ေနေဒြးကလည္း အလႉေလးေတြနဲ႔ တစ္တပ္ တစ္အားပါဝင္ေနတာျဖစ္ပါတယ္။

ခုလိုအစစအရာရာဘက္ေပါင္းစုံကေနပါဝင္ကူညီ အားျဖည့္ေပးေနတဲ့ ျပည္သူေတြနဲ႔ အႏုပညာရွင္ေတြရွိေနတာေၾကာင့္လည္း ဒီလႈပ္ရွားမႈႀကီးကခုခ်ိန္ထိ စည္းလုံးညီညြတ္ၿပီး အသက္ဝင္ေနခဲ့တာပါ။သူရဲေကာင္းအာဇာနည္ေတြကလည္း ဘယ္လိုအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရပါေစ ေနာက္ မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ အသက္ကိုပင္ေပးကာ ေရွ႕ဆက္လွမ္းေနၾကတာလည္းျဖစ္ပါတယ္။

ေနေဒြးက ခုလိုကာလမွာ အဆင္မေျပျဖစ္ေနတဲ့ မိသားစုေတြ ဆီကို ေန႔စဥ္တိုင္းလိုလို သြားေရာက္ကာ အစားအေသာက္နဲ႔ အလႉေငြမ်ားကို လႉဒါန္းလ်က္ရွိေနတာကိုလည္းေလးစားစြာေတြ႕ျမင္ရပါတယ္။ဒီေန႔မွာေတာ့ အႏုပညာေလာကသားထဲက သက္ႀကီးရြယ္အိုအဖိုးအဖြားမ်ားကို ဆန္၊ဆီအျပင္ အလႉေငြမ်ား သြားေရာက္လႉဒါန္းျဖစ္ခဲ့ေၾကာင္း ပုံေလးေတြနဲ႔အတူ ” ဤေန႔ကုသိုလ္ကိုယ့္ေလာကသားေတြလည္းျပန္ၾကည့္ေပးရတယ္အေဖႀကီးဦးတိမ္ညႊန႔္အတြက္ ဆန္ ,ဆီ ,အလႈေငြနဲ႔ လိုအပ္တာေလး က်န္အဖိုးအဖြားေတြအတြက္ေရာ”ဆိုတဲ့စာေလးနဲ႔အတူ ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း ေနေဒြးရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit : Nay Dway Facebook Account
Credit…..

ပရိတ်သတ်ကြီးရေ….နေဒွေးကတော့ လက်ရှိ မြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ် တစ်အားပါဝင်နေတာဖြစ်ပါတယ်။

ခုလိုအစစအရာရာဘက်ပေါင်းစုံကနေပါဝင်ကူညီ အားဖြည့်ပေးနေတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။သူရဲကောင်းအာဇာနည်တွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေ နောက် မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။

နေဒွေးက ခုလိုကာလမှာ အဆင်မပြေဖြစ်နေတဲ့ မိသားစုတွေ ဆီကို နေ့စဉ်တိုင်းလိုလို သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေများကို လှူဒါန်းလျက်ရှိနေတာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ဒီနေ့မှာတော့ အနုပညာလောကသားထဲက သက်ကြီးရွယ်အိုအဖိုးအဖွားများကို ဆန်၊ဆီအပြင် အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့အတူ ” ဤနေ့ကုသိုလ်ကိုယ့်လောကသားတွေလည်းပြန်ကြည့်ပေးရတယ်အဖေကြီးဦးတိမ်ညွှန့်အတွက် ဆန် ,ဆီ ,အလှုငွေနဲ့ လိုအပ်တာလေး ကျန်အဖိုးအဖွားတွေအတွက်ရော”ဆိုတဲ့စာလေးနဲ့အတူ ဖော်ပြထားရာ ပရိသတ်ကြီးလည်း နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Nay Dway Facebook Account
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *