ပရိတ္သတ္ၾကီးေရ…..ေနေဒြးကေတာ့ လက္ရွိ ျမန္မာနိုင္ငံမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူပရိ သတ္ေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ရရာေနရာကေနတတ္နိုင္သေလာက္ပါဝင္ကူညီအားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ ေနေဒြးကလည္း အလႉေလးေတြနဲ႔ တစ္တပ္တစ္အားပါဝင္ေန တာျဖစ္ပါတယ္။

ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ သူကိုယ္တိုင္ေရာင္းခ်လ်က္ရွိေနတဲ့ ဆန္မ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း အခက္အခဲေတြမ်ိဳးစုံၾကဳံေတြ႕ေနရတဲ့ အႏုပညာေလာကသားထဲက စီနီယာအစ္ကိုအစ္မမ်ားဆီကို သြားေရာက္ကာ ၾသကၤန္တြင္း စားဝတ္ေနေရးအဆင္ေျပေစရန္အတြက္ လိုအပ္တဲ့စားနပ္ရိကၡာမ်ားသြားေရာက္လႉဒါန္းကူညီျဖစ္ခဲ့ေၾကာင္းကို ခုလိုေရးသားေဖာ္ျပလာတာျဖစ္ပါတယ္။” ကၽြန္ေတာ္ရဲ့ စီနီယာအကိုေတြအမေတြ ဒုကၡမ်ိဳးစုံနဲ႔ၾကဳံေတြ႕ေနရခ်ိန္မွာ ကၽြန္ေတာ္တတ္နိုင္တာေလးေတြနဲ႔ ကၽြန္ေတာ္တို႔ရဲ့ေလာ ကသားေတြ ၾသကၤန္တြင္းစားဝတ္ေနေရးအခက္အခဲေျပလည္ေစနိုင္ဖို႔ အလႈျပဳလုပ္ေပးေန ပါတယ္ ဤကုသိုလ္ေၾကာင့္ စီနီယာအကို အမေတြ နဲ႔ လုပ္ေဖာ္ကိုင္ဖက္ညီအကိုေတြ အျမန္ဆုံးလႊတ္ေျမာက္နိုင္ၾကပါေစသား”ဆိုတဲ့စာေလးကိုေရးသားထားရာ ေလးစားမိလြန္းတာေၾကာင့္ ျပန္လည္ေဖာ္ျပေပ းလိုက္ပါတယ္။

Photo – Nay Dway
Credit – Cele Zone

ပရိတ်သတ်ကြီးရေ…..နေဒွေးကတော့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိ သတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေ တာဖြစ်ပါတယ်။

နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း အခက်အခဲတွေမျိုးစုံကြုံတွေ့နေရတဲ့ အနုပညာလောကသားထဲက စီနီယာအစ်ကိုအစ်မများဆီကို သွားရောက်ကာ သြင်္ကန်တွင်း စားဝတ်နေရေးအဆင်ပြေစေရန်အတွက် လိုအပ်တဲ့စားနပ်ရိက္ခာများသွားရောက်လှူဒါန်းကူညီဖြစ်ခဲ့ကြောင်းကို ခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။” ကျွန်တော်ရဲ့ စီနီယာအကိုတွေအမတွေ ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရချိန်မှာ ကျွန်တော်တတ်နိုင်တာလေးတွေနဲ့ ကျွန်တော်တို့ရဲ့လော ကသားတွေ သြင်္ကန်တွင်းစားဝတ်နေရေးအခက်အခဲပြေလည်စေနိုင်ဖို့ အလှုပြုလုပ်ပေးနေ ပါတယ် ဤကုသိုလ်ကြောင့် စီနီယာအကို အမတွေ နဲ့ လုပ်ဖော်ကိုင်ဖက်ညီအကိုတွေ အမြန်ဆုံးလွှတ်မြောက်နိုင်ကြပါစေသား”ဆိုတဲ့စာလေးကိုရေးသားထားရာ လေးစားမိလွန်းတာကြောင့် ပြန်လည်ဖော်ပြပေ းလိုက်ပါတယ်။

Photo – Nay Dway
Credit – Cele Zone