





Credit…..

ပရိတ်သတ်ကြီးရေ…..အလင်းရောင်ကတော့ အနုပညာလောကမှာ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေသလို ပြည်သူတွေ နဲ့ အတူ တစ်သား တည်းရပ် တည်နေတဲ့ မင်းသားချောအ လင်း ရောင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေမှာ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေ တဲ့ အလင်းရော င်ကတော့ ၅၀၅-က ဖြင့် အရေး ယူ ခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာလည်း ပါဝင်လာတာလည်း တွေ့ရပါတယ်..။

ဒီကနေ့မှာမွေးနေ့ကျရောက်တဲ့ အလင်းရောင်အတွက် ပရိသတ်တွေကမွေးနေ့ဆုတောင်းပေး ထားကြသလို အ နုပညာမောင်နှမဖြစ်တဲ့ သ ရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကလည်း မွေးနေ့ဆုတောင်းစကားလေးပြောထားတာ တွေ့ရပါတယ်..။

ကံဆိုးခြင်းတွေကင်းဝေးပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့နဲ့ လွတ်လပ်ပေါ့ပါးစွာ ပျော်ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါ စေလို့ သူမရဲ့ဖေ့စ်ဘွတ်စာ မျက် နှာ က နေ မွေးနေ့ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်..။

“Happy Birthday မောင်လေး ဒီနှစ်မွေးနေ့မှစလို့ ကံဆိုးခြင်းတွေ အကုန်ကုန်ပြီးအန္တရာယ် ကင်းဘေးရှင်းပါစေ ဟို အရင်လို လွတ်လပ်ပေါ့ ပါး ပျော်ရွှင်စွာနေနိုင်ပါစေ🙏..” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ပြည်သူတွေနဲ့အတူ အမြဲရပ်တည်ပေးနေတဲ့ မင်းသားချော အလင်းရောင်အတွက် မွေး နေ့ ဆုတောင်းစကားတွေလည်း အသီးသီးပြောထားကြတာ တွေ့ရပါတယ်..။

Source: Nhying Shin’s Fb Acc
Credit…..