ပရိတ္သတ္ၾကီးေရ မင္းသားႀကီးလြင္မိုး ကေတာ့ လူထု လႈပ္ရွားမႈေတြမွာ ထိပ္ဆုံးကေန တက္တက္ႂကြႂကြပါဝင္ၿပီး ကိုယ့္တိုင္းျပည္ရဲ့အက်ိဳးအတြက္ တာဝန္ေက်ပြန္ေနတာ ျဖစ္ပါတယ္ ။ အေတြ႕အၾကဳံရွိတဲ့ ဇင္ဝိုင္းနဲ႔လြင္မိုးတို႔ႏွစ္ေယာက္က လူငယ္ေတြကို အႏၲရာယ္ကင္းေအာင္ ေစာင့္ေရွာက္ေပးၿပီး သိသင့္ သိထိုက္တာေတြကို မွာၾကားေျပာျပေပးခဲ့တာ ျဖစ္ပါတယ္ ။ အထူးသျဖင့္ လြင္မိုးက အႏုပညာရွင္မ်ားအဖြဲ႕မွာ ဦးေဆာင္ပါဝင္ၿပီး တစ္ရက္မွမနားဘဲ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္ ။

လြင္မိုးက သူကိုယ္တိုင္ပါဝင္တဲ့ အျပင္ ဒီကာလမွာ လမ္းေပၚထြက္ၿပီး ႀကိဳးစားေပးေနတဲ့ လူငယ္ေလးေတြ အတြက္လည္း စားစရာနဲ႔ ေရသန္႔ဘူးေတြ ေဝငွေပးခဲ့တာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ကလည္း လြင္မိုးတို႔မိသားစုက လူထုလႈပ္ရွားျပဳလုပ္ေနတဲ့ ျပည္သူေတြအတြက္ သန္႔ရွင္း လတ္ဆတ္တဲ့ Sandwich ေတြကို ကိုယ္တိုင္ျပဳလုပ္ၿပီး လႉဒါန္းခဲ့တာ ျဖစ္ပါတယ္ ။ အခုလည္း မင္းသားႀကီး လြင္မိုးက အႏၲရာယ္ရွိေနတဲ့ၾကားကေန လမ္းေပၚကိုရဲရဲဝင့္ဝင့္ထြက္လာၿပီး လူငယ္ေတြနဲ႔အတူ ပါဝင္အားျဖည့္ေပးေနတာ ျဖစ္ပါတယ္ ။

မေန႔ကဆိုရင္ လြင္မိုးက ရန္ကုန္ၿမိဳ႕ရဲ့တစ္ေနရာမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ခဲ့ေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္ ။ လြင္မိုးက “ဘယ္နားလဲဆိုတာ မလိမ္ခ်င္ဘူးေနာ္” ဆိုၿပီး သူ႔ရဲ့မိတ္ေဆြတစ္ဦးရိုက္ကူးေပးထားတဲ့ ပုံရိပ္ေတြကို မၽွေဝခဲ့တာ ျဖစ္ပါတယ္ ။ လြင္မိုးကေတာ့ ေဖေဖာ္ဝါရီလ အစပိုင္းကတည္းက အႏုပညာေလာကသားေတြနဲ႔အတူ ဆႏၵထုတ္ေဖာ္ခဲ့သလို အခုခ်ိန္မွာလည္း ျပည္သူေတြကိုရသေလာက္ ဝန္းရံေပးေနတာ ျဖစ္ပါတယ္ ။ ကဲ လြင္မိုးရဲ့ပုံရိပ္ေတြကို ျပန္လည္မၽွေဝေပးရင္းနဲ႔ အားလုံးေဘးကင္းၾကပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Source & Photo Credit-Lwin Moe’s FB Story
Credit…..

ပရိတ်သတ်ကြီးရေ မင်းသားကြီးလွင်မိုး ကတော့ လူထု လှုပ်ရှားမှုတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွပါဝင်ပြီး ကိုယ့်တိုင်းပြည်ရဲ့အကျိုးအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ အတွေ့အကြုံရှိတဲ့ ဇင်ဝိုင်းနဲ့လွင်မိုးတို့နှစ်ယောက်က လူငယ်တွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးပြီး သိသင့် သိထိုက်တာတွေကို မှာကြားပြောပြပေးခဲ့တာ ဖြစ်ပါတယ် ။ အထူးသဖြင့် လွင်မိုးက အနုပညာရှင်များအဖွဲ့မှာ ဦးဆောင်ပါဝင်ပြီး တစ်ရက်မှမနားဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။

လွင်မိုးက သူကိုယ်တိုင်ပါဝင်တဲ့ အပြင် ဒီကာလမှာ လမ်းပေါ်ထွက်ပြီး ကြိုးစားပေးနေတဲ့ လူငယ်လေးတွေ အတွက်လည်း စားစရာနဲ့ ရေသန့်ဘူးတွေ ဝေငှပေးခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း လွင်မိုးတို့မိသားစုက လူထုလှုပ်ရှားပြုလုပ်နေတဲ့ ပြည်သူတွေအတွက် သန့်ရှင်း လတ်ဆတ်တဲ့ Sandwich တွေကို ကိုယ်တိုင်ပြုလုပ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း မင်းသားကြီး လွင်မိုးက အန္တရာယ်ရှိနေတဲ့ကြားကနေ လမ်းပေါ်ကိုရဲရဲဝင့်ဝင့်ထွက်လာပြီး လူငယ်တွေနဲ့အတူ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

မနေ့ကဆိုရင် လွင်မိုးက ရန်ကုန်မြို့ရဲ့တစ်နေရာမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။ လွင်မိုးက “ဘယ်နားလဲဆိုတာ မလိမ်ချင်ဘူးနော်” ဆိုပြီး သူ့ရဲ့မိတ်ဆွေတစ်ဦးရိုက်ကူးပေးထားတဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ လွင်မိုးကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက အနုပညာလောကသားတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့သလို အခုချိန်မှာလည်း ပြည်သူတွေကိုရသလောက် ဝန်းရံပေးနေတာ ဖြစ်ပါတယ် ။ ကဲ လွင်မိုးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်းနဲ့ အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Lwin Moe’s FB Story
Credit…..