ဦးဆင်မကို နေအိမ်မှာလာရောက် ဖမ်းဆီးခဲ့စဉ်က အဖြစ်အပျက်များအားလုံးကို ပြန်လည်ပြောပြလာတဲ့ ဦးဆင်မ ရဲ့ဇနီး




Credt

ဦးဆင်မကို နေအိမ်မှာလာရောက် ဖမ်းဆီးခဲ့စဉ်က အဖြစ်အပျက်များအားလုံးကို ပြန်လည်ပြောပြလာတဲ့ ဦးဆင်မ ရဲ့ဇနီး

ပြီးခဲ့တဲ့ သြဂုတ် လ ၂၄ ရက်နေ့ ညပိုင်းမှာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခ လိုက်ရတဲ့ သရုပ်ဆောင် ဆင်မကို ဘယ်မှာ ဖမ်းဆီးထား တယ်ဆိုတာ မသိရေသးသလို အဆက်အ သွယ်လ ည်း မရသေး ဘူးလို့မိသားစုဝင်တွေကပြောပါတယ်။ ” လာဖမ်းတုန်းကတော့ အင်အားတော်တော် များများတယ်။ ကိုဗစ်ကာလ ဆိုတော့ဘယ်မှ လည်း ပြောင်းနေလို့မရဘူးလေ။ ညဘက်ကြီးစစ်ကားတွေလာတာတောင်ကို ဆင်မက ဘယ် သူတွေကို လာဖမ်းပြန်ပြီလဲ မသိဘူးဆို ပြီးစိုးရိမ်နေ တာ။ သူ့ကိုလာ ဖမ်းတယ် လို့ကိုမထင် တာ။ တို က်ကိုအရှေ့အေ နာက်ဝိုင်းပြီး ဖမ်းတာပါ။

ဧည့်စာရင်း စစ်တယ်ဆိုပြီး ဝင်လာပေမယ့် အိမ်ထဲကိုနေရာအနှံ့ ရှာတယ်၊ခွေးတွေအူလို့ ပစ်ဖို့ထား ထားတဲ့ လေးခွတစ်ခုသိမ်းတယ်။ ဝါယာကြိုးသေးသေးလေးလည်း သိမ်းတယ်။ ဧည့်စာရင်းတိုင်ထားလားမေးပြီးအဝတ်အစားနည်းနည်းထည့်ပြီး လိုက်ခဲ့ဆိုပြီးခေါ်သွားတာပဲ။အခုထိဘယ်မှာထားတယ်ဆိုတာအဆက်အသွယ်မရပါဘူး။ ဘာလုပ်လို့လုပ် ရမှန်းလည်းမသိဘူး “လို့ သရုပ်ဆောင် ဆင်မရဲ့ဇနီးကဘီဘီစီကိုပြောပါတယ်။

သရုပ်ဆောင်ဆင်မဟာ ဖေဖော်ဝါရီလမှစတင်ပြီး ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့အိမ်မှာပဲနေထိုင်ကာ လှုပ်ရှားမှုတွေထဲပါဝင်တာ မရှိဘူးလို့မိသားစုတွေကပြောပါတယ်။ဒါ့အပြင်နောက်ပိုင်း ရုပ်ရှင်အစည်း အရုံးက အမှု ဆောင်ရွေး ချယ်ပွဲမှာ ပြည်သူေ တွစိတ်ဆင်းရဲနေချိန်နဲ့ အနုပညာရှ င်တွေ ဖမ်းဆီးခံရချိန်မှာ အစည်းအရုံးမှာ မပါဝင်နိုင်ဘူး ဆိုတဲ့ခံယူချက် နဲ့အစည်း အရုံး ကနေ နုတ်ထွက် ခဲ့တာဖြစ်တယ် လို့မိသားစုဝင် ကပြောပါတယ်။

Credt