သ႐ုပ္ေဆာင္ မင္းသားေခ်ာ ၿဖိဳးေငြစိုးကေတာ့ ဒီေန႔မွာပဲ ကြယ္လြန္ သြားၿပီျဖစ္တဲ့ လူရႊင္ေတာ္ႀကီး ဦး ဧရာအတြက္ ဝမ္းနည္းေၾကကြဲေနရတာ ျဖစ္ပါတယ္ ။ မနက္ေစာေစာမွာ အားလုံးၾကားသိ လို က္ ရတဲ့ ဦးဧရာကြယ္လြန္သြားၿပီဆိုတဲ့ သတင္းဆိုးႀကီးေၾကာင့္ အႏုပညာအသိုင္းအဝိုင္းတ စ္ ခု လုံးက ထပ္တူထပ္မၽွ ေၾကကြဲခံစားေနရတာ ျဖစ္ပါတယ္ ။ ပရိသတ္ေတြကို အျမဲတမ္းေပ်ာ္ရႊင္ ရယ္ေမာရေအာင္ ဖန္တီးတတ္တဲ့ ဦးဧရာတစ္ေယာက္ သူခ်စ္တဲ့သူေတြကိုစြန႔္ခြာၿပီး လူ႔ေလာက ထဲ ကေန အၿပီးအပိုင္ ထြက္ခြာသြားခဲ့တာပဲ ျဖစ္ပါတယ္ ။

အရင္ကတည္းက က်န္းမာေရးမေကာင္းတဲ့ ဦးဧရာက ေဆးကုသမႈေတြခံယူၿပီးေနာက္ပိုင္းမွာ ေတာင္ ဝမ္းေရးအတြက္ ထီဆိုင္ေလးတစ္ဆိုင္ဖြင့္လွစ္ရင္း ကိုယ္တိုင္ေရာင္းခ်ေနသူတစ္ဦး ျဖစ္ ပါတယ္ ။ ဒီေန႔မွာေတာ့ ဦးဧရာက ရန္ကုန္ေဆး႐ုံႀကီးမွာကြယ္လြန္ခဲ့တာျဖစ္ၿပီး Covid 19 အ ေၿဖ Positive ထြက္ရွိခဲ့တာလည္း ျဖစ္ပါတယ္ ။ ဦးဧရာရဲ့ သတင္းကို ၾကားသိလိုက္ရတဲ့ ၿဖိဳးေငြ စိုးကေတာ့ အရမ္းစိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းစကားဆိုထားတာလည္း ျဖစ္ပါတယ္ ။

ၿဖိဳးေငြစိုးက “ဦးဧရာ….အမွတ္တရေတြမ်ားစြာရွိခဲ့ပါတ ယ္ေနာက္ဘဝဆိုတာသာ ရွိခဲ့မယ္ဆိုရင္ ကၽြန္ေတာ္သိတဲ့ ဦးေလးကထိပ္ႀကီးေျပာင္ၿပီး ရယ္စရာေတြေျပာတဲ့ လူရႊင္ေတာ္ႀကီး ထပ္ေန ျဖစ္မွာပါ ဦးေလးေျပာခဲ့သလိုေပါ့ (ျမင္သမၽွအရာရာဟာသပါကြာ ဒါေတြကျဖစ္ေနၾကပါ) ဒါေပ မဲ့ဒီတခါဟာသမျဖစ္ဘူးဗ်ာ ” ဆိုၿပီး သူ႔ရဲ့Facebook Account မွာ ေရးသားထားတာပဲ ျဖစ္ပါ တယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ၿဖိဳးေငြစိုးရဲ့စာေလးနဲ႔အတူ ဦးဧရာရဲ့ပုံရိပ္ေတြကိုပါ ျပန္ လည္မၽွေဝေပး လိုက္ပါတယ္ေနာ္ ။

Source & Photo Credit-Phyo Ngwe Soe’s FB Acc & လူရႊင္ေတာ္ဧရာ’s FB Acc

သရုပ်ဆောင် မင်းသားချော ဖြိုးငွေစိုးကတော့ ဒီနေ့မှာပဲ ကွယ်လွန် သွားပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦး ဧရာအတွက် ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။ မနက်စောစောမှာ အားလုံးကြားသိ လို က် ရတဲ့ ဦးဧရာကွယ်လွန်သွားပြီဆိုတဲ့ သတင်းဆိုးကြီးကြောင့် အနုပညာအသိုင်းအဝိုင်းတ စ် ခု လုံးက ထပ်တူထပ်မျှ ကြေကွဲခံစားနေရတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင် ရယ်မောရအောင် ဖန်တီးတတ်တဲ့ ဦးဧရာတစ်ယောက် သူချစ်တဲ့သူတွေကိုစွန့်ခွာပြီး လူ့လောက ထဲ ကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အရင်ကတည်းက ကျန်းမာရေးမကောင်းတဲ့ ဦးဧရာက ဆေးကုသမှုတွေခံယူပြီးနောက်ပိုင်းမှာ တောင် ဝမ်းရေးအတွက် ထီဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ရင်း ကိုယ်တိုင်ရောင်းချနေသူတစ်ဦး ဖြစ် ပါတယ် ။ ဒီနေ့မှာတော့ ဦးဧရာက ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်ခဲ့တာဖြစ်ပြီး Covid 19 အ ဖြေ Positive ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ် ။ ဦးဧရာရဲ့ သတင်းကို ကြားသိလိုက်ရတဲ့ ဖြိုးငွေ စိုးကတော့ အရမ်းစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစကားဆိုထားတာလည်း ဖြစ်ပါတယ် ။

ဖြိုးငွေစိုးက “ဦးဧရာ….အမှတ်တရတွေများစွာရှိခဲ့ပါတ ယ်နောက်ဘဝဆိုတာသာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်သိတဲ့ ဦးလေးကထိပ်ကြီးပြောင်ပြီး ရယ်စရာတွေပြောတဲ့ လူရွှင်တော်ကြီး ထပ်နေ ဖြစ်မှာပါ ဦးလေးပြောခဲ့သလိုပေါ့ (မြင်သမျှအရာရာဟာသပါကွာ ဒါတွေကဖြစ်နေကြပါ) ဒါပေ မဲ့ဒီတခါဟာသမဖြစ်ဘူးဗျာ ” ဆိုပြီး သူ့ရဲ့Facebook Account မှာ ရေးသားထားတာပဲ ဖြစ်ပါ တယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးငွေစိုးရဲ့စာလေးနဲ့အတူ ဦးဧရာရဲ့ပုံရိပ်တွေကိုပါ ပြန် လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source & Photo Credit-Phyo Ngwe Soe’s FB Acc & လူရွှင်တော်ဧရာ’s FB Acc