


unicode

သရုပ်ဆောင်၊ ဒါရိုက်တာကောင်း တစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ အနုပညာလော ကမှာလည်း ပရိသတ်လက်ခံအားပေးသူတစ်ယောက်ဖြစ်သလို သာယာလှပတဲ့ မိသားစုဘဝလေးကြောင့်လည်း လူသိများ ထင်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းညီကတော့ ဒီကနေ့မှာ သူ့ရဲ့ သမီးအလတ်မလေး မျက်နှာကျက်က ပြုတ်ကျသွားခဲ့တာကြောင့် ဆေးရုံမှာ ပြုစုနေရတာဖြစ်ပြီး မင်းညီကတော့ သမီးလေးရဲ့ ဖြစ်ကြောင်းကုန်စဉ်အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်..။

“ သမီးဘယ်လိုဖြစ်တာလဲ သိချင်သူများကိုဖြေပေးပါမယ်။ သမီးက ကြောင်ချစ် တတ်တော့ သူ့ကြောင် မျက်နှာကျက်ထဲဝင်နေတာကို မိဘတွေမသိအောင် ရေချိုးခန်းကနေ တတ်ပြီး ကြောင်ဆီခိုးသွားတာ မျက်နှာကျက် ကျွံကျတာပါ။ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့် အမြင့်ကကျတဲ့ဒဏ်ကြောင့်ဦးနှောက်လှုပ်သွားလို့ မူးပြီးစားသမျအန်နေရှာတာပါ။သမီးကိုချစ်ပေးကြတဲ့ ပရိတ်သတ် တဦးတယောက် ချင်းစီတိုင်းကိုကျေးဇူးပါ။ အားလုံးက ဆုတောင်းပေးသလို အမြန်ဆုံးသက်သာ ပျောက်ကင်းစေချင်မိပါတယ် သမီးရေ ” ဆိုပြီး ပြောပြလာ ပါတယ်..။

သရုပ်ဆောင်၊ဒာရိုက်တာ မင်းညီရဲ့ သမီးလေးကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိ ဘူးဆိုပေမယ့် ကလေးပီပီ လန့်ပြီး အမြင့်ကြီးကနေ ပြုတ်ကျတဲ့ဒဏ်ကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ သမီးလေး အမြန်ဆုံးနေကောင်းသက်သာလာပြီး ဆေးရုံက ဆင်းနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်..။

Source: Min Nyi ‘s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *