အမြဲတမ်းနုပျိုလှပလွန်းတဲ့ မင်းသမီးခိုင်သင်းကြည်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်သင်းကြည်ကတော့ ဗီဒီယိုခေတ်တွေကတည်းက ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲနော်။ သူမရဲ့ အရွယ်နှင့်မလိုက်အောင် သွက်လက်ချက်ချာလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ ချောမောလှပလွန်းတဲ့ သမီးငယ်လေး စံထိပ်ထားဦးနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲနော်။ သူမရဲ့အားလပ်ချိန်တိုင်းမှာလည်း မိသားစုကို အချိန်ပေးရင်း အမှတ်တရလေးတွေကို ဖန်တီးရင်းသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ ဒီဇင်ဘာ(၁၅)ရက်နေ့မှာတော့ ခိုင်သင်းကြည်က”ကြည့်ဖူးကြပေမယ့် အမှတ်တရအနေနဲ့ ပြန်တင်လိုက်တာပါ”လို့ဆိုပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်ဒွေးနဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တုန်းက အမှတ်တ ရလေးကို သတိရခြင်းများစွာနဲ့ တင်လာတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်နဲ့ ဒွေးတို့ရိုက်ကူးထားတဲ့ ကြော်ငြာလေးကိုလည်း ပရိသတ်ေ တွကြည့်ဖူးကြလိမ့်မယ် လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Source….Khine Thin Kyi’s Facebook
Credit ; (CeleChitThu)