


Source : Yone Lay
Credit :CeleKhitThit

ပရိသတ်ကြီးရေ ယုန်လေးကတော့ အနုပညာအပေါ် ချစ်ပြီးအနုပညာလမ်းမှာ လျှောက်လှမ်းဖို့ ခက်ခဲနေတဲ့ တက်သစ်လူငယ်တွေကို ကူညီပံ့ပိုးနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဒုက္ခရောက်သူတိုင်းကို အမြဲ တတ်နိုင်သလောက် အကူအညီပေးတတ်တဲ့ စိတ်ထားကောင်းလွန်းတဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာမောင်နှမတွေအပြင် ပရိသတ်တွေကပါ လေးစားချစ်ခင်နေကြရတာပါ။

သီချင်းသစ်တွေမှာလည်း တက်သစ်စလူငယ်တွေကို တွဲခေါ်ကာ မြေတောင်မြှောက်ပေးလေ့ရှိသူဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုသာမက ပရဟိတလုပ်ငန်းတွေကိုလည်း ထိပ်ဆုံးကလုပ်ဆောင်နေသူတစ်ဦးပါ။ အမြဲပျော်​ပျော်နေတတ်ပြီး မသိလို့အမှားတွေပြုလုပ်ခဲ့ရင်လည်း ပရိသတိတွေကျေနပ်လောက်တဲ့ထိ တောင်းပန်တတ်တဲ့ ရိုးသားတဲ့အနုပညာရှင်တစ်ဦးပါပဲနော်။

လက်ရှိမှာတော့ “ကျွန်တော်လည်း ခက်ခဲတဲ့ ကာလတွေကိုဖြတ်သန်းနေရပါတယ် . အဲ့အတွက် . အရင်လို အကူညီလို တဲ့ သူတိုင်းတွေ့ရင် မလှူနိုင်တော့ပါဘူး . ဒါပေမယ့် ဒီနှစ် ၁လပိုင်းမှာ စပြီး အရင်လို တက်တက်ကြွကြွ နဲ့ အလုပ်တွေ ပြန်လုပ်ပါတယ် . ၁ ရက် ၁လ မှာ ကြေညာရိုက်ခွင့်ပေးတဲ့ Steel Dragon ကိုလည်း ကျေးဇူးတင်ပါတယ် ။Vit C Orange . M Net နဲ့ တခြား အလုပ်တွေပါ အရင်လို တက်ကြွစွာ ပြန်လုပ်ရပါတော့မယ် ​။အဲ့ အတွက် ထုံးစံအတိုင်း လိုအပ်တဲ့ နေရာတွေကို တက်နိုင်သလောက်လေး တွေပြန်ကူပါတော့မယ် ။၁ ရက်နေ့ကတော့ လူကြမ်းမင်းသားကြီးများကို အလုပ်ပေးနိုင်သလို . ဆန် ဆီ လိုအပ်တာများလည်း ကူညီ နိုင်ခဲ့ပါတယ်။အခု အရင်လ ထဲက အကူညီတောင်းထားတဲ့ကျောက်ပန်းတောင်း ဘိုးဘွားရိပ်သာ မှဘိုးဘွားတွေ အတွက် ရေတွင်း လိုအပ်နေတဲ့ အတွက်ရေ တွင်း အတွက်အများကြီး လှူချင်ပါသော်လည်း အခုမှ အလုပ်တွေ ပြန်စတဲ့ အတွက် ကျွန်တော် ၅ သောင်း စမတည်ပြီး ကျွန်တော် နဲ့ အတူ ဘိုးဘွားတွေ အတွက် ရေတွင်း လေး အကောင်ထဲ ဖော်ဖို့ အတွက်အလှူ ခံ ချင်ပါတယ် ”ဆိုတဲ့ စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Yone Lay
Credit :CeleKhitThit