


Credit – Cele Zone
Photo – Chit Thu Wai

ချစ်သုဝေကတော့ပရိသတ်အချစ်တော်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့စွယ်စုံရ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာမိသားစုဘဝလေးတွေထဲမှာ ပရိသတ်အားကျနေရပြီး ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတဲ့ လင်းလင်းနှင့် ချစ်သုဝေတို့မိသားစုဘဝလေးကိုတော့ အားလုံးလေးစားအားကျမိမယ်ထင်ပါတယ်။

ဒါ့အပြင် ချစ်သုဝေက ဖြူစင်အေးချမ်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အပြုံးလေးတွေကလည်း အမြဲတမ်းတောက်ပနေတာပါ ။ အထူးသဖြင့် ချစ်သုဝေက ကလေးနှစ်ယောက်မေမေဖြစ်ပေမယ့်လည်း အရင်တုန်းကအတိုင်း အရွယ်တင်နုပျိုနေဆဲ ပါပဲနော် ။ သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။

အခုလည်း မေမေချစ်သုဝေက အမိုက်စားဖန်တီးထားတဲ့ ရိုက်ချက်တွေနဲ့အတူ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်လေးနဲ့ ဓာတ်ဖမ်းခဲ့သေးတာ ဖြစ်ပါတယ် ။ ပုံလေးတိုင်းမှာ ကလေးနှစ်ယောက်မိခင်လို့ မထင်မှတ်ရလောက်အောင် နုပျိုပြီး အရမ်းကိုမိမိုက်နေတာအမှန်ပါပဲ။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ပုံအမိုက်စားလေးတွကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Chit Thu Wai