


Source: Chit Thu Wai’s fb

ချစ်သုဝေကနဲ့ လင်းလင်းကတော့ နိုင်ငံကျော် အနုပညာရှင်တွေလည်း ဖြစ်သလို လူမှုအကျိုးပြုဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားကြသူများ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့လင်းလင်းက သမီးလေးတွေအတွက်လည်း လိုလေသေးမရှိ ဂရုစိုက်ရသလို ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အလှူကိစ္စအဝဝကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အလုပ်ကိစ္စတွေကို လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်နေရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သမီးလေးတွေအတွက်လည်း မိဘကောင်းတွေဖြစ်အောင် အမြဲတမ်း ကြိုးစားနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လင်းလင်းနဲ့ ချစ်သုဝေက ခေတ်နဲ့သစ်ကို စာသင်ပြပေးနေကြတာကို တွေ့ရပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးလေးတွေကို စာကြောက်သွားခြင်းမရှိအောင် ပျော်စရာကောင်းတဲ့ သံစဉ်သီချင်းလေးတွေနဲ့ ကဗျာလေးတွေ စာလေးတွေ သင်ပြနေတာ အရမ်းပျော်စရာကောင်းတာမို့ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်ဖို့ အခုလိုမျိုးပဲ မျှဝေပေးလိုက်ရပါတယ်နော်။

လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ သမီးတွေကို စာအတင်းသင်ပေးတယ်မျိုးမဖြစ်ရအောင် ပျော်စရာ သီချင်းလေးတွေနဲ့ ခေါင်းထဲစာရောက်အောင် သင်ပေးခဲ့တာ တကယ်တော်တဲ့ မိဘတွေပါပဲ။ ပရိသတ်ကြီးလည်း လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Credit– Cele Connections