Covid -19 ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင်နေရပါတယ် ။ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် သေဆုံးကြသူတွေလည်း တစ်နေ့ထက်တစ်နေ့ မနည်းတော့ပါဘူး ။

ဒါ့ကြောင့် ခုဆို ရင် တတ်နိုင်သလောက် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ ပူးပေါင်းပြီး အောက်ဆီဂျင် လုံလောက်အောင် ဝယ်ယူလှူဒါန်းမှုတွေ ပြုလုပ်နေပါပြီ။ ဒီလို လှူဒါန်းကြတဲ့ သူတွေအထဲမှာ ခိုင်နှင်းဝေလည်း ထိပ်ဆုံးက အပါအဝင်ပါပဲ ။

ခုဆိုရင် ခိုင်နှင်းဝေက ကိုဗစ်ရောဂါတွေ စတင်ဖြစ်ပွားချိန်ကတည်းက အောက်ဆီဂျင်တွေလှူဒါန်းနေတာ (၄) ကြိမ်မြောက်ရှိပြီလို့ သိရပါတယ် ။ အခုလည်း Oxygen Concentratorများ အလုံး (၂၀) ထပ် ရောက်လာကြောင်းနဲ့ ငွေကြေး မတတ်နိုင်သည့် အရးပေါ် လိုအပ်နေတဲ့ သူများကို စီစစ်ဌားရမ်းပေးသွားမယ်လို့ ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် သတင်းကောင်းလေး ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai




Yuan – Cele Zone

Photo – Khine Hnin Wai