ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ ႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ ကိုေပါက္ကေတာ့ ဒီေန႔မွာ လမ္းေဘးမွာေဈးေရာင္းၿပီး သမာအာဇီဝက်က် ဝမ္းစာရွာေဖြေနတဲ့ ကေလး(၃)ေယာက္ကို ေတြ႕လို႔ သူတတ္ နိုင္သေလာက္မုန႔္ဖိုးေပးၿပီး ကူညီေပးခဲ့ပါတယ္။ ကိုေပါက္က ကိုယ္တိုင္လည္း စီးပြားေရးေတြေျပလည္လာခ်ိန္မွာ အလႉအတန္းေတြကို မၾကာခဏဆိုသလိုျပဳလုပ္ေနေလ့ရွိပါတယ္။

အခုတစ္ေခါက္မွာလည္း ကိုေပါက္က လမ္းသြားရင္းသူ႔ကိုငုံးဥျပဳတ္လာေရာင္းတဲ့ ကေလးေတြကို သူတတ္နိုင္သေဘာက္ကူညီတဲ့အေနနဲ႔ မုန႔္ဖိုးေပးလိုက္တာပါ။ ကေလးေတြကိုေတြ႕ေတာ့ ကိုေပါက္က “လမ္းေဘးမွာ ရခိုင္မုန႔္တီေရာင္းခဲ့ရဖူးတယ္။ ဦးလည္းမင္းတို႔လိုပဲ ဘုရားပြဲေဈးမွာ ဂစ္မီးျခစ္(တစ္ခါထည့္ ၃/-က်ပ္)ထည့္ခဲ့ဖူးတယ္။ဦးလည္းမင္းတို႔လိုပဲ ကမ္းနားေနပူပူမွာမွာ ေလွဝင္ေလွထြက္ ပိုက္ဆံေကာက္ခဲ့ဖူးတယ္။ဘဝကိုဘယ့္ေတာ့မွ အရႈံးမေပးပါနဲ႔။လက္ရွိဘဝက ဒီေလာက္ပဲေနမွာပါကြာဆိုၿပီး ေရစုန္ေမ်ာမခ်လိုက္ပါနဲ႔။” ဆိုၿပီး ဘဝကို အရႈံးမေပးဘဲ ႀကိဳးစားဖို႔နဲ႔ သူကိုယ္တိုင္လည္း ငယ္စဥ္က ၾကမ္းတမ္းတဲ့ ဘဝကို ေလၽွာက္လွမ္းခဲ့ေၾကာင္းမၽွေဝေဖာ္ျပထားခဲ့ပါေသး တယ္။

ကိုေပါက္က တကယ္ႀကိဳးစားတဲ့သူေတြအားလုံး တစ္ခ်ိန္ခ်ိန္မွာ ေအာင္ျမင္တဲ့ ဘဝကို ပိုင္ဆိုင္နိုင္ေစဖို႔ကိုလည္း ဆုမြန္ေကာင္းေတြေတာင္းေပးထားပါေသးတယ္။ ပရိသတ္ႀကီးေရ ကိုေပါက္ကေတာ့ သူကိုယ္တိုင္လည္း ငယ္စဥ္က လမ္းေဘးမွာ ေဈးလိုက္ေရာင္းရတဲ့အထိကို အခက္အခဲေတြရွိခဲ့ၿပီး ႀကိဳးစားခဲ့တာေၾကာင့္ အခုလိုအခ်ိန္မွာ အေျခေန တစ္ခုနဲ႔ ေနနိုင္တာပါတဲ့။

Credit – CeleZone
Source – Ko Pauk

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဒီနေ့မှာ လမ်းဘေးမှာဈေးရောင်းပြီး သမာအာဇီဝကျကျ ဝမ်းစာရှာဖွေနေတဲ့ ကလေး(၃)ယောက်ကို တွေ့လို့ သူတတ် နိုင်သလောက်မုန့်ဖိုးပေးပြီး ကူညီပေးခဲ့ပါတယ်။ ကိုပေါက်က ကိုယ်တိုင်လည်း စီးပွားရေးတွေပြေလည်လာချိန်မှာ အလှူအတန်းတွေကို မကြာခဏဆိုသလိုပြုလုပ်နေလေ့ရှိပါတယ်။

အခုတစ်ခေါက်မှာလည်း ကိုပေါက်က လမ်းသွားရင်းသူ့ကိုငုံးဥပြုတ်လာရောင်းတဲ့ ကလေးတွေကို သူတတ်နိုင်သဘောက်ကူညီတဲ့အနေနဲ့ မုန့်ဖိုးပေးလိုက်တာပါ။ ကလေးတွေကိုတွေ့တော့ ကိုပေါက်က “လမ်းဘေးမှာ ရခိုင်မုန့်တီရောင်းခဲ့ရဖူးတယ်။ ဦးလည်းမင်းတို့လိုပဲ ဘုရားပွဲဈေးမှာ ဂစ်မီးခြစ်(တစ်ခါထည့် ၃/-ကျပ်)ထည့်ခဲ့ဖူးတယ်။ဦးလည်းမင်းတို့လိုပဲ ကမ်းနားနေပူပူမှာမှာ လှေဝင်လှေထွက် ပိုက်ဆံကောက်ခဲ့ဖူးတယ်။ဘဝကိုဘယ့်တော့မှ အရှုံးမပေးပါနဲ့။လက်ရှိဘဝက ဒီလောက်ပဲနေမှာပါကွာဆိုပြီး ရေစုန်မျောမချလိုက်ပါနဲ့။” ဆိုပြီး ဘဝကို အရှုံးမပေးဘဲ ကြိုးစားဖို့နဲ့ သူကိုယ်တိုင်လည်း ငယ်စဉ်က ကြမ်းတမ်းတဲ့ ဘဝကို လျှောက်လှမ်းခဲ့ကြောင်းမျှဝေဖော်ပြထားခဲ့ပါသေး တယ်။

ကိုပေါက်က တကယ်ကြိုးစားတဲ့သူတွေအားလုံး တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ ကိုပေါက်ကတော့ သူကိုယ်တိုင်လည်း ငယ်စဉ်က လမ်းဘေးမှာ ဈေးလိုက်ရောင်းရတဲ့အထိကို အခက်အခဲတွေရှိခဲ့ပြီး ကြိုးစားခဲ့တာကြောင့် အခုလိုအချိန်မှာ အခြေနေ တစ်ခုနဲ့ နေနိုင်တာပါတဲ့။

Credit – CeleZone
Source – Ko Pauk