


Source : Yarwanna
Credit : (Yaung Chi)

ပရိသတ်ကြီးရေ တေးသံရှင် ရာဝနရဲ့ Answer သီချင်းခွေကတော့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပါ ။ လူငယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှု ကြောင့် အချိန်တိုလေးအတွင်းမှာ အောင်မြင်လာခဲ့ပြီး သီချင်းအသစ်တွေ လည်း ဆက်တိုက်ဆိုသလို ထွက်ရှိခဲ့ပါတယ် ။

အသည်းကွဲသီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲကို နေရာယူလာခဲ့တဲ့ ရာဝနကတော့ နောက်ထပ် အသည်းကွဲ သီချင်းအသစ်လေးနဲ့ ပရိသတ်တွေကို အသည်းခွဲလိုက်ပြန်ပါပြီနော် ။ သီချင်းအသစ်လေးရဲ့နာမည်ကတော့ ဆူး လို့အမည်ရပြီး ရာဝနနဲ့ ရော်ရွက်တို့က သီဆိုထားကြတာပါ ။ အခုလိုအေးမြတဲ့ဆောင်းရာသီ နဲ့အတူ ဆူးတစ်ချောင်းနဲ့တူတဲ့ မိန်းကလေးကြောင့် ဒဏ်ရာ ရဖူးပါသလား ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့သီချင်းအသစ်လေးကို ပရိသတ်တွေရှေ့ကို အရောက်ပို့ပေးလာခဲ့တာပါ ။

ဒီ ဆူးသီချင်းလေးရဲ့ Music Video လေးကိုတော့ ရာဝနနဲ့ ရော်ရွက်တို့ နှစ်ယောက်ကိုယ်တိုင် သရုပ်ဆောင်ထားကြတာဖြစ်ပြီး ထူးထူးခြားခြားလေးရိုက်ကူးထားတာဖြစ်ပါတယ် ။ ရာဝနနဲ့ ရော်ရွက်တို့ရဲ့ ဆူး ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေကတော့ အရမ်းကို အားပေးခဲ့ကြပြီး ဆောင်းရာသီမှာ အသည်းကွဲခဲ့တဲ့ ပရိသတ်တွေကတော့ လုံးဝထိရှသွားစေမယ့် သီချင်းလေးဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yarwanna
Credit : (Yaung Chi)