ပရိတ္သတ္ႀကီးေရ…..အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ၿပီး သ႐ုပ္ေဆာင္ပိုင္းမွာဆိုရင္လည္းေျပာစရာမရွိေအာင္ အိုက္တင္ေတြပိုင္ႏိုင္လြန္းတဲ့ ထပ္ဆင့္အကယ္ဒမီမင္းသားႀကီးရန္ေအာင္ဟာဆိုရင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ပိုင္မွာထူးခၽြန္ပိုင္ႏိုင္ရံုတင္မကပဲ အဆိုပိုင္းမွာပါ ကၽြမး္က်င္ပိုင္ႏိုင္တဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္ေနာ္။အားလံုးကခ်စ္စႏိုးနဲ႕ေခၚၾကတဲ့ ကိုရန္ေလးက ေႏြဦးေတာ္လွန္ေရးရဲ႕အစပိုင္းမွာဆိုရင္ ျပည္သူလူထုနဲ႕အတူတစ္သားတည္းရပ္တည္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာဆိုရင္ ေရငံုနႈတ္ပိတ္ၿပီး ၿငိမ္ခ်က္ သားေကာင္းေနခဲ့တာ ပဲျဖစ္ပါတယ္။

အခုလိုေတာ္လွန္ေရးနဲ႕ပတ္သက္ၿပီးနႈတ္ဆိတ္ေနခဲ့တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ေဝဖန္မႈေတြကိုျပင္းျပင္းထန္ထန္ခံခဲ့ရတာလည္းျဖစ္ပါတယ္ေနာ္။မၾကာေသးခင္ရက္ပိုင္ေလာက္က ေဇယ်ာသီရိဗိမၼာန္မွာက်င္းပတဲ့ေတြ႕ဆံုပြဲတစ္ခုကိုတက္ေရာက္ခဲ့တဲ့အတြက္ ပရိတ္သတ္ေတြၾကားေဝဖန္မႈေတြျမင့္တက္ခဲ့ပါေသးတယ္ေနာ္။အဲ့ဒီကိစၥနဲ႕ပတ္သက္ၿပီး ရန္ေအာင္က အခုလိုပဲျပန္လည္ေျဖရွင္း ခဲ့ကာ ကိုယ့္ကိုကိုယ္လိပ္ျပာလံုစြာနဲ႕ သစၥာစကားလည္းဆိုခဲ့ပါေသးတယ္ေနာ္။

ရန္ေအာင္က”ကၽြန္ေတာ္ရန္ေအာင္ရဲ့သစၥာစကားပါ ခင္ဗ်ာ..ေဇယ်ာသီရိဗိမၼာန္မွာ ေတြ႕ဆုံပြဲေလးတက္ေပးဖို႔ ဖိတ္ၾကားခံခဲ့ရပါတယ္၊အခ်ိန္ေတာ္ေတာ္ၾကာၾကာ စဥ္းစားခဲ့ပါတယ္၊မလြတ္ေျမာက္ေသးတဲ့ ကၽြန္ေတာ့ရဲ့အႏုပညာညီအစ္ကိုေမာင္ႏွမေတြအတြက္ ေျပာဆိုတင္ျပဖို႔ အခြင့္အေရးေလးတစ္ခု ရနိူင္ခဲ့ရင္ ဆိုတဲ့ ေမၽွာ္လင့္ခ်က္တစ္ခုထဲနဲ႔ ဒီပြဲကိုတက္မယ္လို႔ ဆုံးျဖတ္တက္ေရာက္ခဲ့ ပါတယ္၊ဒိထက္ပိုၿပီး ဘာအေပးအယူဘာေမၽွာ္လင့္ခ်က္မွ မရွိခဲ့ပါဘူး..၊

ကၽြန္ေတာ့္ေစတနာအမွန္ေၾကာင့္ မလြတ္ေျမာက္ေသးတဲ့အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြ အျမန္ဆုံးလြတ္ေျမာက္ဖို႔အေရးကို သက္ညႇာစြာစဥ္းစားေပးဖို႔ တင္ျပခြင့္ရခဲ့ပါတယ္.ဒါဟာ ဒီပြဲကိုတက္ေရာက္ခဲ့တဲ့ အေၾကာင္းရင္းမွန္ကန္ တဲ့ကၽြန္ေတာ့္ရဲ့ သစၥာစကားပါ…အခုလို ေစတနာအမွန္ရဲ့ သစၥာစကားေၾကာင့္ ကိုယ္စိတ္ႏွလုံးရႊင္လန္းခ်မ္းေျမ့စြာေနထိုင္ရပါေစသား🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼အားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစခင္ဗ်ာ..” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ယက္မွာေရးသားလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။ကိုရန္ေလးရဲ႕သစၥာစကားအေပၚ ပရိတ္သတ္ႀကီးရဲ႕အျမင္ကိုလည္းေျပာခဲ့ပါအံုးေနာ္။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္။

Source ; Yan Aung Facebook acc

Credit ; Celebrity Platforms

ပရိတ်သတ်ကြီးရေ…..အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာဆိုရင်လည်းပြောစရာမရှိအောင် အိုက်တင်တွေပိုင်နိုင်လွန်းတဲ့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီးရန်အောင်ဟာဆိုရင် ရုပ်ရှင်သရုပ်ဆောင်ပိုင်မှာထူးချွန်ပိုင်နိုင်ရုံတင်မကပဲ အဆိုပိုင်းမှာပါ ကျွမး်ကျင်ပိုင်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။အားလုံးကချစ်စနိုးနဲ့ခေါ်ကြတဲ့ ကိုရန်လေးက နွေဦးတော်လှန်ရေးရဲ့အစပိုင်းမှာဆိုရင် ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာဆိုရင် ရေငုံနှုတ်ပိတ်ပြီး ငြိမ်ချက်သားကောင်းနေခဲ့တာပဲဖြစ် ပါတယ်။

အခုလိုတော်လှန်ရေးနဲ့ပတ်သက်ပြီးနှုတ်ဆိတ်နေခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုပြင်းပြင်းထန်ထန်ခံခဲ့ရတာလည်းဖြစ်ပါတယ်နော်။မကြာသေးခင်ရက်ပိုင်လောက်က ဇေယျာသီရိဗိမ္မာန်မှာကျင်းပတဲ့တွေ့ဆုံပွဲတစ်ခုကိုတက်ရောက်ခဲ့တဲ့အတွက် ပရိတ်သတ်တွေကြားဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်နော်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရန် အောင်က အခုလိုပဲပြန်လည်ဖြေရှင်းခဲ့ကာ ကိုယ့်ကိုကိုယ် လိပ်ပြာလုံစွာနဲ့ သစ္စာစကားလည်းဆိုခဲ့ပါသေးတယ်နော်။

ရန်အောင်က”ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်၊အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ ဒိထက်ပိုပြီး ဘာအပေးအယူဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး..၊

ကျွန်တော့်စေတနာအမှန်ကြောင့် မလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အမြန်ဆုံးလွတ်မြောက်ဖို့အရေးကို သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့ပါတယ်.ဒါဟာ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အကြောင်းရင်းမှန်ကန် တဲ့ကျွန်တော့်ရဲ့ သစ္စာစကားပါ…အခုလို စေတနာအမှန်ရဲ့ သစ္စာစကားကြောင့် ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာနေထိုင်ရပါစေသား🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ..” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။ကိုရန်လေးရဲ့သစ္စာစကားအပေါ် ပရိတ်သတ်ကြီးရဲ့အမြင်ကိုလည်းပြောခဲ့ပါအုံးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Yan Aung Facebook acc

Credit ; Celebrity Platforms

Leave a Comment

Your email address will not be published. Required fields are marked *