တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းတွေမှာဖော်ပြခြင်းခံခဲ့ရပြီး ကိုရီးယားလူမျိုးတွေရဲ့စိတ်ဝင်စားမှုကိုပါ ရရှိခဲ့တဲ့ ဟားငါးကောင်

ပြည်သူ့ အချစ်တော် ဟားငါးကောင်အဖွဲ့ ကတော့ လက်ရှိ အချိန်မှာ တောတွင်းတစ်နေရာကို ရောက်ရှိလို ့နေပြီပဲ ဖြစ်ပါတယ် ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ခဲ့တဲ့ ဟားငါးကောင်အဖွဲ့က အားလုံးနဲ့အတူ တစ်သားတည်းရှိနေကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။ သူတို့အဖွဲ့ကတော့ မြို့ပေါ်မှာရှိတဲ့အချိန်တုန်းကလည်း လူထုလှုပ်ရှားမှုပွဲတွေမှာ တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးခဲ့ကြတ ာ ဖြစ်ပါ တယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး လူရွှင်တော်တိုင်းကျော်နဲ့ လူရွှင်တော် ပိုးလေးတို့က သူတို့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ပုံတစ်ချို့ကို မျှဝေပေး လာတာ ဖြစ်ပါတယ် ။ တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ငါးယောက်လုံးက အခုဆိုရင် တောထဲတောင်ထဲမှာ ခိုလှုံနေရတာပဲ ဖြစ်ပါတယ် ။ သူတို့အဖွဲ့ကတော့ အနုပညာအလုပ်တွေလုပ်စဉ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှ ာလည်း စည်းလုံးညီညွတ်နေကြတာ ဖြစ်ပါ တယ် ။

အခုချိန် မှာတော့ ဟားငါးကောင်ရဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ပုံရိပ်များဟာ တောင်ကိုရီးယားရဲ့ သတင်းများ မှာပါ ဖော်ပြခြင်းခံနေရပြီ ဖြစ်ပါတယ်။ အဆိုပါ သတင်းနဲ့ ပက်သက်ပြီး မရွှေမိုးကတော့ သူမရဲ့ ဆိုရှယ်မီဒီယာကနေ တဆင့် အခုလိုပဲ ရေးသားခဲ့ပါတယ်။ ” တောင်ကိုရီးယား သတင်းထဲမှာ နာမည်ကြီး မြန်မာ လူရွှင်တော် ဟား ၅ ကောင် အကြောင်းပါလာပြီ ..

နာမည်ကျော် လူရွှင်တော် “ Ha 5 Gown” (“ ပြုံးနေသောလူငါး ဦး” လို့အဓိပ္ပာယ်ရတဲ့) ၅ ယောက်ဟာ အခုတော့ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ကိုရောက်နေပြီဆိုတာပေါ့။ ဒီနေ့တောင်ကိုရီးယားတွေပြောနေကြတဲ့ သတင်း..။ ” ဟု ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ရဲ့ နွေဦးတော်လှန်ရေး ဟာ တကမ္ဘာလုံးက စောင့်ကြည့်ကာ ချီးကျူးအံ့အားသင့် ခဲ့ရတဲ့အထိ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အံ့မခန်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူး တင်ရှိပါ တယ်ရှင်။

Credit

ေတာင္ကိုရီးယားနိုင္ငံရဲ႕ သတင္းေတြမွာေဖာ္ျပျခင္းခံခဲ့ရျပီး ကိုရီးယားလူမ်ိဳးေတြရဲ႕စိတ္၀င္စားမႈကိုပါ ရရွိခဲ့တဲ့ ဟားငါးေကာင္

ျပည္သူ႔ အခ်စ္ေတာ္ ဟားငါးေကာင္အဖြဲ႕ ကေတာ့ လက္ရွိ အခ်ိန္မွာ ေတာတြင္းတစ္ေနရာကို ေရာက္ရွိလို ႔ေနၿပီပဲ ျဖစ္ပါတယ္ ။ အမွန္တရားကို လက္ကိုင္ထားၿပီး ျပည္သူေတြဘက္ကေန အခိုင္အမာရပ္တည္ခဲ့တဲ့ ဟားငါးေကာင္အဖြဲ႕က အားလုံးနဲ႔အတူ တစ္သားတည္းရွိေနေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္ ။ သူတို႔အဖြဲ႕ကေတာ့ ၿမိဳ႕ေပၚမွာရွိတဲ့အခ်ိန္တုန္းကလည္း လူထုလႈပ္ရွားမႈပြဲေတြမွာ တတ္နိုင္သေလာက္ ပါဝင္အားျဖည့္ေပးခဲ့ၾကတ ာ ျဖစ္ပါ တယ္ ။

ၿပီးခဲ့တဲ့ရက္ပိုင္းက စၿပီး လူရႊင္ေတာ္တိုင္းေက်ာ္နဲ႔ လူရႊင္ေတာ္ ပိုးေလးတို႔က သူတို႔ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ပုံတစ္ခ်ိဳ႕ကို မၽွေဝေပး လာတာ ျဖစ္ပါတယ္ ။ တိုင္းေက်ာ္၊ ျပည္ေက်ာ္၊ တိုးေက်ာ္၊ ဝိုင္းေက်ာ္နဲ႔ ပိုးေလးတို႔ငါးေယာက္လုံးက အခုဆိုရင္ ေတာထဲေတာင္ထဲမွာ ခိုလႈံေနရတာပဲ ျဖစ္ပါတယ္ ။ သူတို႔အဖြဲ႕ကေတာ့ အႏုပညာအလုပ္ေတြလုပ္စဥ္တုန္းကလည္း တက္ညီလက္ညီရွိၾကသလို အခုလိုအခ်ိန္မွ ာလည္း စည္းလုံးညီညြတ္ေနၾကတာ ျဖစ္ပါ တယ္ ။

အခုခ်ိန္ မွာေတာ့ ဟားငါးေကာင္ရဲ့ အမွန္တရားအတြက္ တိုက္ပြဲဝင္ေနတဲ့ ပုံရိပ္မ်ားဟာ ေတာင္ကိုရီးယားရဲ့ သတင္းမ်ား မွာပါ ေဖာ္ျပျခင္းခံေနရၿပီ ျဖစ္ပါတယ္။ အဆိုပါ သတင္းနဲ႔ ပက္သက္ၿပီး မေရႊမိုးကေတာ့ သူမရဲ့ ဆိုရွယ္မီဒီယာကေန တဆင့္ အခုလိုပဲ ေရးသားခဲ့ပါတယ္။ ” ေတာင္ကိုရီးယား သတင္းထဲမွာ နာမည္ႀကီး ျမန္မာ လူရႊင္ေတာ္ ဟား ၅ ေကာင္ အေၾကာင္းပါလာၿပီ ..

နာမည္ေက်ာ္ လူရႊင္ေတာ္ “ Ha 5 Gown” (“ ျပဳံးေနေသာလူငါး ဦး” လို႔အဓိပၸာယ္ရတဲ့) ၅ ေယာက္ဟာ အခုေတာ့ ျမန္မာျပည္သူေတြကို ကာကြယ္ဖို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ( PDF ) ကိုေရာက္ေနၿပီဆိုတာေပါ့။ ဒီေန႔ေတာင္ကိုရီးယားေတြေျပာေနၾကတဲ့ သတင္း..။ ” ဟု ေရးသားေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံ ရဲ့ ေႏြဦးေတာ္လွန္ေရး ဟာ တကမၻာလုံးက ေစာင့္ၾကည့္ကာ ခ်ီးက်ဴးအံ့အားသင့္ ခဲ့ရတဲ့အထိ ျပည္သူေတြရဲ့ စည္းလုံးညီညြတ္မႈဟာ အံ့မခန္းပဲ ျဖစ္ပါတယ္။ အဆုံးထိ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူး တင္ရွိပါ တယ္ရွင္။

Credit