


Photo – Khine Hnin Wai
Credit – Cele Zone

မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေ ပရိတ်သတ်ကြီးရေ…..ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားကာ ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ တောင်တန်းသာသနာပြု မရှိခဏ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာဓာတ်ကို ခံယူပြီး ခုနှစ်ရက်သားသမီးအပေါင်းတို့အား မေတ္တာပို့သပေးရင်း ကုသိုလ်ကောင်းမှုများစွာပြုလုပ်ဖြစ်ခဲ့ကြောင်းပုံလေးတွေနဲ့တကွသူရဲ့အကောင့်လေးမှာဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo – Khine Hnin Wai
Credit – Cele Zone