ပရိတ်သတ်ကြီးရေ… တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ ဇာတ်ကားကောင်းတွေကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ရင်း ပရိတ်သတ်အားပေးမှုအခိုင်အမာ၇ရှိခဲ့တဲ့ ဝေဠုကျော်ဟာဆိုရင် ယခုလက်၇ှိမှာတော့ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်င်္ပြီးအများအကျိုးကိုဆောင်ရွက်နေတဲ့သူတဟ်ယောက်ပဲဖြစဟ်ပါတယ်ပရိတ်သတ်ကြီးရေ။ တော်ရုံလူမလုပ်နိုင်တဲ့ ပရဟိတလုပ်ငန်းကို နှစ်ရှည်လများလုပ်ကိုင်ခဲ့တဲ့ ဝေဠုကျော်ရဲ့စေတနာကတော့ တကယ်ကို အံ့မခန်းပါပဲနော်။သူဟာ အမှန်တကယ်တကယ်လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ပဲဝေနေပါစေရောက်အောင်သွားပြီးကိုယ်တိုင်ကူညီဖေးမ လှူဒါန်းပေးခဲ့တာပဖြစ်ြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အခက်အခဲအများအပြားရှိနေတဲ့အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက လက်လှမ်းမှီသလောက် လိုက်လံကူညီနေတာပဲဖြစ်ပါတယ်နော်။ဒီတစ်ခါမှာဆိုရင်လည်း တောင်ဒဂုံကျူးရပ်ကွက်မှာနေထိုင်တဲ့ ကလေး(၇)ယောက်အမေမုဆိုးမရဲ့အိမ်လေးကို ပြန်လည်ဆောက်လုပ်ပေးနေတာပြဲဖစ်ပါတယ်။ဒီကနေ့မှာဆိုရင်လည်း သူဆောက်လုပ်ပေးနေတဲ့ အိမ်ကလေးဆီကိုသွားရောက်ပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖရဲသီးတွေစားပြီးအိမ်လေးကို ဆောက်လုပ်ပေးနေတာပဲဖြစ်ပါတယ်။

ဒီလိုသွားရောက်ကူဖြစ်ခဲ့ကြောင်းကို”28-4-2021 တနေ့ကဖောင်ဒေးရှင်းမှ အိမ်ဆောက်လှူပေးနေတယ့်တောင်ဒဂုံသံလမ်းကျူးက မဝါဝါလေးရဲ့ အိမ်နေရာလေး ရောက်ဖြစ်ခဲ့ပါတယ်။ဖရဲတောင်သူတွေကို အားပေးဖို့ဖရဲသီးတွေ ကျူးက ကလေးတွေနဲ့အတူ စားရင်းပေါ့။အိမ်လေးကအခင်းလေးပြီးပါပြီ။အမိုးလေး မိုးပါတော့မယ်။သစ်တောပေါတယ့် မြန်မာပြည်မှာ သစ်အိမ်ဆောက်ရပေမယ့် အိမ်သေးသေးလေးကိုပဲ တော်တော်ကုန်ကျပါတယ်။အခုလို အိမ်ကောင်းကောင်းလေး ဆောက်လှူဖြစ်သွားအောင်မ တည်လှူပေးကြတယ့် စင်ကာပူက အလှူရှင်များနဲ့ဝိုင်းဝန်းလှူပေးကြတယ့်အလှူရှင်များ အားလုံးကို ကျေးဇူးတင်ရပါတယ်။နောင်လည်းဒုက္ခမျိုးစုံနဲ့ အိမ်ဆောက်ဖို့ လိုသူများ တွေ့လာရင်လည်း ဝိုင်းဝန်း ကူပေးကြပါအုံးနော့်။”

#ဝေဠုကျော်ဖောင်ဒေးရှင်း09455500010 09455500014 09776089484 ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီးပြောပြလာတာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။ ကလေးတွေနဲ့အတူ မဝါဝါလေးရဲ့အိမ်မှာ ဖရဲသီးတွေစားနေကြတဲ့ ဝေဠုကျော်ရဲ့ပုံလေးတွေကို အခုလိုပဲတစ်ဆင့်ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Wai Lu Kyaw Foundation Fb Page
Credit ; Celebrity Platforms