


Credit….

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ စူးရှထက်ကတော့ ခုလတ် တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင် အစားအသောက်များကို ကိုယ်တိုင် ချက်ပြုတ်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအပြင် ညကင်းစောင့်တဲ့ သူရဲကောင်းတွေကိုလည်း လိုက်ဝေငှလှူဒါန်းရင်း ရရာနေရာကနေ တတ်နိုင်သလောက် ကူညီအားဖြည့်နေတာဖြစ်ပါတယ်။

ခုလိုတော်လှန်ရေးကာလကြီးမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လိုအပ်တာ မှန်သမျှကို တတ် နိုင်သလောက်ပါဝင်ကူညီရင်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာလည်းဖြစ်ပါတယ် ။ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း အလှူငွေများ လှူဒါန်းခဲ့ပါသေးတယ်။

စူးရှထက်က ခုဆိုရင်နေ့စဉ်တိုင်းလိုလို စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ နေရာ အနှံအပြားက အိမ်ထောင်စုတွေဆီကို အပစ်အခတ်တွေ အန္တရာယ်တွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းမှုတွေပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး အခက်အခဲဖြစ်နေတဲ့ မိသားစုတွေဆီကို ဆန် ၊ ငါးသေတ္တာနဲ့ မုန့်များစွာကို သွားရောက်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစိမိသလို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက်ပြန်ဖော်ပြပေးလိုက်ပါရစေ။

Source & Photo Credit : Zar Chi Facebook Account
Credit….