လူတိုင္းအေပၚကို ကူညီခ်င္စိတ္ရွိၿပီး အလႉအတန္းေတြလည္း အျမဲလုပ္ေလ့ရွိသူကေတာ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စမိုင္းလ္ပဲ ျဖစ္ပါတယ္။ စမိုင္းလ္က လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီးလည္း လမ္းေပၚထြက္ကာ ျပည္သူလူထုနဲ႔အတူ ဆႏၵထုတ္ေဖာ္မႈေတြျပဳလုပ္လ်က္ရွိပါတယ္။

ဒါ့အျပင္ ဆႏၵထုတ္ေဖာ္တဲ့ျပည္သူေတြအတြက္လိုအပ္တဲ့ ပစၥည္းအစုံအလင္ကိုလည္း ရက္ရက္ေရာေရာလႉဒါန္းခဲ့သလို အစားအေသာက္ေတြကိုလည္းဒီေန႔ဒီခ်ိန္ထိလိုက္ေဝငွလ်က္ရွိပါတယ္။အားလုံးကလည္း စမိုင္းလ္တို႔မိသားစုရဲ့စိတ္ဓာတ္ေလးကို ဂုဏ္ယူေနၾကတာလည္းျဖစ္ပါတယ္။

အခုလည္း မႏၲေလးမွာဆႏၵထုတ္ေဖာ္ရင္းအသက္ေပးသြားရတဲ့ သူရဲေကာင္းအာဇာနည္ေလးေတြကို တစ္ေယာက္လၽွင္ (၁၀)သိန္းဆီ လႉဒါန္းခဲ့ျပန္ပါတယ္။အလႉပုံေလးေတြနဲ႔အတူ” မႏၲေလးမွာက်ဆုံးသြားတဲ့သူရဲေကာင္းမ်ားအတြက္ တစ္ဦးလၽွင္ ၁၀ သိန္းစီနဲ႔ ၁၁ ေယာက္စာ သိန္း၁၁၀ မေန႔ကလႉဒါန္းခဲ့တယ္။ က်န္ရွိေနတဲ့ၿမိဳ႕ေတြကိုလည္းလႉနိုင္ေအာင္ႀကိဳးစားေနပါတယ္ေနာ္”ဆိုတဲ့စာေလးကိုေဖယ္ျပထားရာ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Smile

လူတိုင်းအပေါ်ကို ကူညီချင်စိတ်ရှိပြီး အလှူအတန်းတွေလည်း အမြဲလုပ်လေ့ရှိသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း လမ်းပေါ်ထွက်ကာ ပြည်သူလူထုနဲ့အတူ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်လျက်ရှိပါတယ်။

ဒါ့အပြင် ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကိုလည်း ရက်ရက်ရောရောလှူဒါန်းခဲ့သလို အစားအသောက်တွေကိုလည်းဒီနေ့ဒီချိန်ထိလိုက်ဝေငှလျက်ရှိပါတယ်။အားလုံးကလည်း စမိုင်းလ်တို့မိသားစုရဲ့စိတ်ဓာတ်လေးကို ဂုဏ်ယူနေကြတာလည်းဖြစ်ပါတယ်။

အခုလည်း မန္တလေးမှာဆန္ဒထုတ်ဖော်ရင်းအသက်ပေးသွားရတဲ့ သူရဲကောင်းအာဇာနည်လေးတွေကို တစ်ယောက်လျှင် (၁၀)သိန်းဆီ လှူဒါန်းခဲ့ပြန်ပါတယ်။အလှူပုံလေးတွေနဲ့အတူ” မန္တလေးမှာကျဆုံးသွားတဲ့သူရဲကောင်းများအတွက် တစ်ဦးလျှင် ၁၀ သိန်းစီနဲ့ ၁၁ ယောက်စာ သိန်း၁၁၀ မနေ့ကလှူဒါန်းခဲ့တယ်။ ကျန်ရှိနေတဲ့မြို့တွေကိုလည်းလှူနိုင်အောင်ကြိုးစားနေပါတယ်နော်”ဆိုတဲ့စာလေးကိုဖေယ်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Smile

Leave a Comment

Your email address will not be published. Required fields are marked *