Gen Y Gen Z ေလးေတြကေတာ့ ျမန္မာနိုင္ငံရဲ့ ေႏြဦးေတာ္လွန္ေရးတိုက္ပြဲႀကီးမွာအဓိကက်တဲ့ သူရဲေကာင္းေလးေတြဆိုလည္းမမွားပါဘူး။ ရဲရဲရင့္ရင့္ရွိၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း စည္းလုံးမႈရွိကာ တီထြင္ႀကံဆမႈေတြေကာင္းလြန္းတာေၾကာင့္ ျပည္သူအားလုံးကေလးစားခ်ီးက်ဴးေနၾကတာလည္းျဖစ္ပါတယ္။သူတို႔ကိုယ္တိုင္လည္း ေရွ႕တန္းကေန လႈပ္ရွားမႈေတြျပဳလုပ္သလို ၿဖိဳခြင္းခံရမႈေတြကိုလည္း အကာအကြယ္အျပည့္အစုံနဲ႔ တိုက္ခိုက္ကာကြယ္ေပးခဲ့တာပဲျဖစ္ပါတယ္။အခုလည္းေဖြးေဖြးက ေတာ္လွန္ေရးမွာသူကိုယ္တိုင္လည္း တတ္နိုင္သေလာက္ပါဝင္ခဲ့သလို အားႀကိဳးမာန္တတ္ သတၱိရွိရွိပါဝင္ေနၾကတဲ့ သူရဲေကာင္းေလးေတြကိုေလးစားမိေၾကာင္း ခုလိုေရးသားေဖာ္ျပရင္းအားေပးစကားေလးေျပာၾကားထားတာျဖစ္ပါတယ္။

”GEN Z ​ညီမ​ေလး ​ေမာင္​ေလးတို႔ ရဲရဲ​ေတာက္သတၱိ​ေတြရွိတာ ကမၻာက​ေရာ ​မေဖြးတို႔ Gen Y ​ေတြ ​ေရာ Gen X ​ေတြအားလုံး​ေကာ မ်က္ဝါးထင္ထင္ ​ေတြ႕ခဲ့ရၿပီးပါၿပီ … အားလုံးရဲ့ ​ေပးဆပ္မႈ​ေတြ​​ေၾကာင့္ နိုင္​ေတာ့မွာအ​ေသအခ်ာပါ!!! စစ္အာဏာရွင္ ဘက္ကၿဖိဳခြင္းပါတယ္ အ​ေၾကာင္းျပၿပီး ​ေသ​ေစတဲ့လက္နက္​ေတြသုံး ျပည္သူ​ေတြကိုအၾကမ္းဖက္ ​ေနတာ​ေတာင္ ဘာလက္နက္မွမပါပဲ ရင္​ေကာ့ဆႏၵျပခဲ့ၾက, အခ်င္းခ်င္းကာကြယ္ကူညီ ခဲ့ၾကတာ ​ေတြ႕ရ​ေတာ့ ရင္ထဲနင့္​ေန​ေအာင္​ေလးစားရပါတယ္… But…တိုင္းျပည္ အတြက္ ဒီ​ေလာက္တန္ဖိုးမျဖတ္နိုင္တဲ့ စိတ္ဓါတ္ နဲ႔ ဒီလိုသတၱိခဲ ​ေလး​ေတြ.. Gen X, Y, Z ဘယ္ သူ႔ကို မွ ထပ္မဆုံးရႈံးပါရ​ေစနဲ႔​ေတာ့… ေနာက္​ေန႔ ဆႏၵျပပါ။ ​ေျပးစရာရွိ အပီ​ျပန္ေျပး။

ကမၻာကိုသိ​ေနၿပီးသား​ေပမယ့္ ထပ္သိ​ေအာင္သာ Social Media က ထပ္ ျပဖို႔ Footage ရရင္ရပါၿပီ! တ​ေနကုန္ အျပင္မွာ မ​ေနပါနဲ႔ ..! သုသု ​ေျပာ သလို သူတို႔ကိုပဲ ​ေနလွန္းထားလိုက္ပါ ႏွလုံးသား​ေကာ ရွက္​ေၾကာ​ေရာ, ဆင္ျခင္တုံတရားပါ ​ေမြးထဲက ပါမလာတဲ့ အဲ့ စစ္ကၽြန္​ေတြနဲ႔ တတ္နိုင္ရင္ထိပ္တိုက္ အနီးကပ္ မ​ေတြ႕ၾကပါနဲ႔​​ေတာ့.. . မတန္လို႔! တန္ဖိုးရွိတဲ့ ​ေဖြးတို႔ျပည္သူ တ​ေယာက္မွ ထပ္အပါမခံနိုင္​​ေတာ့လို႔… နိုင္ကို နိုင္​ေတာ့မွာ မို႔ အ​ေရး​ေတာ္ပုံ​ေအာင္​ေတာ့မွာမို႔ ပိုပါးနပ္​ေပးၾကပါ… ပါးပါးနပ္နပ္ သတၱိရွိရွိ ဆက္ရင္ဆိုင္မယ္! ဒါ​ေတြအားလုံးၿပီးေတာ့မွ ဟိုဘက္ကို တူတူ အားရပါးရ ဟားခ်င္​ေသးလို႔”ဆိုတဲ့စာေလးပဲျဖစ္ရာ GenY GenZ ေလးေတြအားရွိေအာင္မၽွေဝေပးလိုက္ပါရေစ။

Credit – Cele Zone
Photo – Phway Phway

Gen Y Gen Z လေးတွေကတော့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာအဓိကကျတဲ့ သူရဲကောင်းလေးတွေဆိုလည်းမမှားပါဘူး။ ရဲရဲရင့်ရင့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်လည်း စည်းလုံးမှုရှိကာ တီထွင်ကြံဆမှုတွေကောင်းလွန်းတာကြောင့် ပြည်သူအားလုံးကလေးစားချီးကျူးနေကြတာလည်းဖြစ်ပါတယ်။သူတို့ကိုယ်တိုင်လည်း ရှေ့တန်းကနေ လှုပ်ရှားမှုတွေပြုလုပ်သလို ဖြိုခွင်းခံရမှုတွေကိုလည်း အကာအကွယ်အပြည့်အစုံနဲ့ တိုက်ခိုက်ကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုလည်းဖွေးဖွေးက တော်လှန်ရေးမှာသူကိုယ်တိုင်လည်း တတ်နိုင်သလောက်ပါဝင်ခဲ့သလို အားကြိုးမာန်တတ် သတ္တိရှိရှိပါဝင်နေကြတဲ့ သူရဲကောင်းလေးတွေကိုလေးစားမိကြောင်း ခုလိုရေးသားဖော်ပြရင်းအားပေးစကားလေးပြောကြားထားတာဖြစ်ပါတယ်။

”GEN Z ​ညီမ​လေး ​မောင်​လေးတို့ ရဲရဲ​တောက်သတ္တိ​တွေရှိတာ ကမ္ဘာက​ရော ​မဖွေးတို့ Gen Y ​တွေ ​ရော Gen X ​တွေအားလုံး​ကော မျက်ဝါးထင်ထင် ​တွေ့ခဲ့ရပြီးပါပြီ … အားလုံးရဲ့ ​ပေးဆပ်မှု​တွေ​​ကြောင့် နိုင်​တော့မှာအ​သေအချာပါ!!! စစ်အာဏာရှင် ဘက်ကဖြိုခွင်းပါတယ် အ​ကြောင်းပြပြီး ​သေ​စေတဲ့လက်နက်​တွေသုံး ပြည်သူ​တွေကိုအကြမ်းဖက် ​နေတာ​တောင် ဘာလက်နက်မှမပါပဲ ရင်​ကော့ဆန္ဒပြခဲ့ကြ, အချင်းချင်းကာကွယ်ကူညီ ခဲ့ကြတာ ​တွေ့ရ​တော့ ရင်ထဲနင့်​နေ​အောင်​လေးစားရပါတယ်… But…တိုင်းပြည် အတွက် ဒီ​လောက်တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓါတ် နဲ့ ဒီလိုသတ္တိခဲ ​လေး​တွေ.. Gen X, Y, Z ဘယ် သူ့ကို မှ ထပ်မဆုံးရှုံးပါရ​စေနဲ့​တော့… နောက်​နေ့ ဆန္ဒပြပါ။ ​ပြေးစရာရှိ အပီ​ပြန်ပြေး။

ကမ္ဘာကိုသိ​နေပြီးသား​ပေမယ့် ထပ်သိ​အောင်သာ Social Media က ထပ် ပြဖို့ Footage ရရင်ရပါပြီ! တ​နေကုန် အပြင်မှာ မ​နေပါနဲ့ ..! သုသု ​ပြော သလို သူတို့ကိုပဲ ​နေလှန်းထားလိုက်ပါ နှလုံးသား​ကော ရှက်​ကြော​ရော, ဆင်ခြင်တုံတရားပါ ​မွေးထဲက ပါမလာတဲ့ အဲ့ စစ်ကျွန်​တွေနဲ့ တတ်နိုင်ရင်ထိပ်တိုက် အနီးကပ် မ​တွေ့ကြပါနဲ့​​တော့.. . မတန်လို့! တန်ဖိုးရှိတဲ့ ​ဖွေးတို့ပြည်သူ တ​ယောက်မှ ထပ်အပါမခံနိုင်​​တော့လို့… နိုင်ကို နိုင်​တော့မှာ မို့ အ​ရေး​တော်ပုံ​အောင်​တော့မှာမို့ ပိုပါးနပ်​ပေးကြပါ… ပါးပါးနပ်နပ် သတ္တိရှိရှိ ဆက်ရင်ဆိုင်မယ်! ဒါ​တွေအားလုံးပြီးတော့မှ ဟိုဘက်ကို တူတူ အားရပါးရ ဟားချင်​သေးလို့”ဆိုတဲ့စာလေးပဲဖြစ်ရာ GenY GenZ လေးတွေအားရှိအောင်မျှဝေပေးလိုက်ပါရစေ။

Credit – Cele Zone
Photo – Phway Phway