ပရိတ္သတ္ၾကီးေရ …..ယေန႔အခ်ိန္အထိ နာမည္တစ္လုံးနဲ႔ ေအာင္ျမင္မႈေတြ မ်ားစြားရရွိေနတဲ့အႏုပညာရွင္ကေတာ့ မင္းသားေခ်ာေနတိုးပဲ ျဖစ္ပါတယ္ ။ အကယ္ဒမီသုံးဆု ဆြတ္ခူးရရွိထားတဲ့ ေနတိုးက ျမန္မာနိုင္ငံရဲ့ ဒိတ္ဒိတ္ၾကဲအႏုပညာရွင္တစ္ဦးဆိုရင္လည္း မမွားပါဘူးေနာ္ ။ အေနေအးသလို ပရိသတ္ေတြအေပၚမွာလည္း ေလးေလးစားစားဆက္ဆံတတ္တဲ့ ေနတိုးကို အႏုပညာရွင္အခ်င္းခ်င္းကပါ ခ်စ္ခင္ေနရတာ ျဖစ္ပါတယ္ ။
ေနတိုးကလတ္တေလာမွာဆိုရင္လည္း အမွန္တရားဘက္ကေန ရပ္တည္လ်က္ရွိေနၿပီး ျပည္သူေတြနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့ပါတယ္။ ျပည္သူထဲက ျပည္သူတစ္ေယာက္ အေနနဲ႔ ရရာေနရာကေနတက္ႂကြစြာပါဝင္ၿပီး ယုံၾကည္ခ်က္ေတြအျပည့္နဲ႔ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္အားျဖည့္ေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္အသက္ဆုံးရႈံးရသူေတြလည္း တစ္ေန႔ထက္တစ္ေန႔ပိုမိုမ်ားျပားလ်က္ရွိရာ ဒဏ္ရာရရွိသူေတြလည္းမနည္းပါပဲ။
ဒီလိုသတင္းေတြတက္လာတိုင္းျပည္သူေတြအားလုံးက စိတ္မေကာင္းျဖစ္ကာေၾကကြဲဝမ္းနည္းခဲ့ၾကရပါတယ္။အခုလည္းေနတိုးက ေတာ္လွန္ေရးမွာေႂကြလြင့္သြားတဲ့ သူရဲေကာင္းေတြအတြက္ ဝမ္းနည္းေၾကကြဲစကားေလးနဲ႔အတူ ဆုေတာင္းစကားေလးဆိုရင္း ဂုဏ္ျပဳေပးခဲ့ျပန္ပါတယ္။” ေလာဘ ေဒါသ ေမာဟ မာန …..အစရွိေသာ ကိေလသာအညစ္အေၾကးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေနခ်င္စရာမေကာင္းတဲ့ေလာကႀကီးထဲမွ ထြက္ခြာသြားၾကၿပီျဖစ္တဲ့ ညီေလး၊ညီမေလးမ်ားနဲ႔ အသက္ေပးၿပီးတိုက္ပြဲဝင္သြားခဲ့ၾကေသာသူရဲေကာင္း ညီအကိုေမာင္ႏွမမ်ားအားလုံး ေကာင္းရာသုကတိေရာက္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သလၽွက္ပါ…မာယာမ်ားလြန္းလွတဲ့ေလာကႀကီးထဲမွ ေသာကေတြဖယ္ၿပီး ၿငိမ္းခ်မ္းတဲ့ဘုံဘဝတစ္ခုမွာေအးခ်မ္းၾကပါေစ…” ဆိုတဲ့စာေလးပဲျဖစ္ရာတကယ္ကိုမိသားစုနဲ႔ထပ္တူေၾကကြဲမိတာအမွန္ပါပဲေနာ္။အားလုံးေဘးအႏၲရာယ္ကင္းရွင္းၾကပါေစဆုေတာင္းေပးလိုက္ပါတယ္။
Credit – Cele Zone
Photo – Nay Toe
ပရိတ်သတ်ကြီးရေ …..ယနေ့အချိန်အထိ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေ များစွားရရှိနေတဲ့အနုပညာရှင်ကတော့ မင်းသားချောနေတိုးပဲ ဖြစ်ပါတယ် ။ အကယ်ဒမီသုံးဆု ဆွတ်ခူးရရှိထားတဲ့ နေတိုးက မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူးနော် ။ အနေအေးသလို ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံတတ်တဲ့ နေတိုးကို အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ် ။
နေတိုးကလတ်တလောမှာဆိုရင်လည်း အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ပြည်သူထဲက ပြည်သူတစ်ယောက် အနေနဲ့ ရရာနေရာကနေတက်ကြွစွာပါဝင်ပြီး ယုံကြည်ချက်တွေအပြည့်နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်အားဖြည့်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အသက်ဆုံးရှုံးရသူတွေလည်း တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလျက်ရှိရာ ဒဏ်ရာရရှိသူတွေလည်းမနည်းပါပဲ။
ဒီလိုသတင်းတွေတက်လာတိုင်းပြည်သူတွေအားလုံးက စိတ်မကောင်းဖြစ်ကာကြေကွဲဝမ်းနည်းခဲ့ကြရပါတယ်။အခုလည်းနေတိုးက တော်လှန်ရေးမှာကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲစကားလေးနဲ့အတူ ဆုတောင်းစကားလေးဆိုရင်း ဂုဏ်ပြုပေးခဲ့ပြန်ပါတယ်။” လောဘ ဒေါသ မောဟ မာန …..အစရှိသော ကိလေသာအညစ်အကြေးတွေနဲ့ ပြည့်နှက်နေတဲ့ နေချင်စရာမကောင်းတဲ့လောကကြီးထဲမှ ထွက်ခွာသွားကြပြီဖြစ်တဲ့ ညီလေး၊ညီမလေးများနဲ့ အသက်ပေးပြီးတိုက်ပွဲဝင်သွားခဲ့ကြသောသူရဲကောင်း ညီအကိုမောင်နှမများအားလုံး ကောင်းရာသုကတိရောက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက်ပါ…မာယာများလွန်းလှတဲ့လောကကြီးထဲမှ သောကတွေဖယ်ပြီး ငြိမ်းချမ်းတဲ့ဘုံဘဝတစ်ခုမှာအေးချမ်းကြပါစေ…” ဆိုတဲ့စာလေးပဲဖြစ်ရာတကယ်ကိုမိသားစုနဲ့ထပ်တူကြေကွဲမိတာအမှန်ပါပဲနော်။အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေဆုတောင်းပေးလိုက်ပါတယ်။
Credit – Cele Zone
Photo – Nay Toe